ရာသီသွေးပေါ်ခြင်း

ရာသီသွေးပေါ်ခြင်း (Menstruation)

  • ရာသီသွေးပေါ်ခြင်းသည် မိန်ကလး တယောက်အတွက် အပျိုဖေါ်ဝင်ခြင်း၏ လက္ခဏာတရပ် ဖြစ်ပါသည်။
  • မိန်းကလေးအများစုသည် အသက် ၁၀-၁၅ နှစ် အတွင်း ရာသီသွေးစပေါ်ပါသည်။
  • အမျိုးသမီးတစ်ယောက် ရာသီလာသည့်ကာလသည် များသောအားဖြင့် နှစ်ရက်မှ ခုနစ်ရက်ကြာပါသည်။
  • ပုံမှန်အားဖြင့် တစ်လတကြိမ် ရာသီလာပြီး ရက်အနည်းငယ် စောနိုင် နောက်ကျနိုင်သည်။
  • ရာသီစက်ဝန်းအတွင်း၌ ဟော်မုန်းပြောင်းလဲမှုများကြောင့် သားအိမ်နံရံများ ထူလာရာမှ အရည်ရွှမ်းလာပြီးပြို ကျလာသောအခါ ရာသီသွေးဆင်းခြင်းဖြစ်လာသည်။
  • ထိုသိုသားအိမ် အမြှေးပါး ထူ၍ အရည်ရွှမ်းလာခြင်းသည် သားဥကြွေရာမှ သန္ဓေသားဖြစ်လာပါက သန္ဓေသားတွယ်နိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပြီး သန္ဓေသား မဖြစ်လာပါက သားအိမ် အမြှေးပါး ပြန်လည်ပြိုဆင်းသွားပြီး ရာသီသွေးအဖြစ် ဆင်းလာခြင်းဖြစ်သည်။