Betel quid

ကွမ်းစားခြင်းမှာ ထုံးရည်သုတ်ထားသော ကွမ်းရွက်နှင့် ကွမ်းသီး၊ ဆေးရွက်ကြီးတို့ကို ရော၍၀ါးခြင်းဖြစ်သည်။ တစ်ခါတစ်ရံ အနံ့အရသာကောင်းစေရန် အမွှေးအကြိုင် များနှင့် ချိုသောအရသာတို့ကို ထပ်ထည့်ကြသြည်။ အာရှတိုက်တွင် လူအများသည် ကွမ်းယာကို ယဉ်ကျေးမှု ဓလေ့ထုံးစံအရ သုံးစွဲကြသည်။ ကွမ်းစားခြင်းသည် စားသုံးသူ၏ စိတ်ကိုနိုးကြားစေပြီး စွဲလမ်းစေပါသည်။ များများစားသုံးခြင်းကြောင့် ခံတွင်းကင်ဆာကဲ့သို့သော ဆိုးရွားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေသည်။