တောင်းပန်ခြင်း နှင့် အမှားများ

မည်သည့်လိင်ဆက်ဆံမှုအတွက် အမှားများ နှင့်တောင်းပန်ခြင်းတို.မရှိစေရန်လိုအပ်ပါသည်။ ယင်းသို.မဖြစ်စေရန်အတွက်
၁၊ သင့်အဖေါ်၏ သဘောတူညီချက် လိုအပ်ပါသည်။
၂၊ HIV နှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ မကူးစက်နိုင်အောင် ကာကွယ်ထားရပါမည်။ ရောဂါရှိခဲ့ပါက ပွင့်ပွင့်လင်းလင်းတိုင်ပင်ကာ ကုသစောင့်ရှောက်မှုခံယူရပါမည်။
၃၊ မလိုလားအပ်သောကိုယ်ဝန် မရရန်အတွက်သင့်အဖေါ်အား သန္ဓေတားနည်းလမ်း သုံးရန်တိုင်ပင် ပြင်ဆင်သင့်ပါသည်။

သင့်အဖေါ်အား သန္ဓေတားနည်းလမ်း သုံးရန် မပြောရဲဘဲ ဖြစ်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းဖြင့်လည်း တစ်ခါတစ်ရံအမှားများပြုလုပ် နိုင်သည်။ လိင် ဆက်ဆံသည့်အခါ မိမိကိုယ်ကို ကာကွယ်ရန် လိုကြောင်း သိရှိကြသော်လည်း အမြဲ မဆောင်ရွက်မိဘဲ ရှိနိုင်သည်။ အနီးဆုံးဆေးခန်းတွင် အရေးပေါ်သန္ဓေတားဆေး ရယူပြီး လိင်မှတစ်ဆင့် ကူးစက် ရောဂါ စစ်ဆေးမှု ပြုလုပ်သင့်သည်။ သင့်စိတ်ရှင်းလင်းစေရန် ယုံကြည်ရသည့် မိတ်ဆွေ သို့မဟုတ် လူကြီးတစ်ဦးနှင့် မိမိ ဖြစ်ရပ်ကို ဖွင့်ဟတိုင်ပင်ခြင်းမှာလည်း အကူအညီ ဖြစ်နိုင်သည်။ လူတိုင်း အမှားလုပ်နိုင်သည်ချည်းဖြစ်၍ ထိုသူများအား သင့်အမှားကို မျှဝေပြောပြခြင်းဖြင့် သူတို့ ကြုံတွေ့ခဲ့ဖူးသော အမှားများ အကြောင်းကိုလည်း သင်ရှိသိနိုင်ပါသည်။ထိုအခါ သင်တစ်ယောက်တည်း မှားဖူးသူ ဟု မခံစားရတော့ချေ။ သင့် သူငယ်ချင်းများကိုလည်း အကူအညီပေးရန် တောင်းဆို နိုင်သည်။ ( ဥပမာ - ဆေးခန်းသို့ အဖေါ်လိုက်ပေးရန်၊ နောက်ထပ် မမှားမိစေရန် အတွက် ကူညီ သတိပေးရန်)