သားအိမ်ခေါင်းကင်ဆာကိုစောစီးစွာတွေ့ရှိနိုင်ပါသလား။

သားအိမ်ခေါင်းကင်ဆာအား စောစီးစွာ တွေ့ရှိနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ Pap test (လိင်အင်္ဂါကြွက်နို့ဖြစ်စေသော ဗိုင်းရပ်စ်ပိုး သို့မဟုတ် HPV ကို စစ်ဆေးမှုနှင့် ပေါင်းစပ်စစ်ဆေးနိုင်) ဖြင့် ပုံမှန်စစ်ဆေးမှု ခံယူခြင်းဖြစ်သည်။စောစီးစွာတွေ့ရှိပါက အောင်မြင်စွာ ကုသနိုင်မည့် အခွင့်အလမ်းများစွာ တိုးလားပြီး သားအိမ်ခေါင်းဆဲလ်များမှ ကင်ဆာဆဲလ်သို့ ပြောင်းလဲမှုများကို ကာကွယ်နိုင်ပါသည်။ Pap test ဖြင့် သားအိမ်ခေါင်းမှ ပုံမှန်မဟုတ်သော ဆဲလ်များကို စစ်ဆေးခြင်း သို့မဟုတ် HPV ကို စစ်ဆေးမှုတွင်လည်း သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်သော ဆဲလ်များကို စစ်ဆေးခြင်း ပြုလုပ်နိုင်ပါသည်။ ထိုဆဲလ်များကို ကင်ဆာပုံစံမဖြစ်ခင် ကုသနိုင်ပါသည်။ 

ထို HPV အမျိုးအစားများကို ကူးစက်မခံရအောင် ကာကွယ် ပေးသော ကာကွယ်ဆေးများသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို များစွာ လျှော့ချနိုင်ပါသည်။ သားအိမ်ခေါင်းကင်ဆာသည် အစောပိုင်းအဆင့်များတွင် သိရှိကုသပါက များသောအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်အထိ HPVစစ်ဆေးမှုပြုလုပ်ပေးနိုင်သော ကျန်းမာရေးဌာန များများစားစား မရှိပါ။ အချို့သော ပုဂ္ဂလိကဆေးရုံအချို့နှင့် မြို့ကြီးများရှိ အထွေထွေဆေးရုံကြီးများတွင်သာ ရရှိနိုင်ပါသည်။