အမေးများသောမေးခွန်းများ

Q: အပျိုလူပျိုစစ်ဖြစ်ခြင်းကိုဘယ်လိုသိမလဲ။

A:  ယနေ့ခေတ်တွင် “အပျိုလူပျိုစစ်ခြင်း” ဟူသည်မှာ လိင်ပိုင်းဆိုင်ရာ ထိုးသွင်းခံဖူးခြင်း (မိန်းကလေးများအတွက်) သို့မဟုတ် မည်သူ့ကိုမျှ လိင်ပိုင်းဆိုင်ရာ ထိုးသွင်းမှု မပြုဖူးခြင်း ( ယောက်ျားလေးများ အတွက်) ဖြစ်ပါသည်။ သို့သော် “အပျိုရည်၊ လူပျိုရည် ပျက်စေခြင်း” ဟု ယူဆသော ထိုးသွင်းမှုမှာ ယခုတိုင် ရှင်းလင်းမှုမရှိသေးပါ။ လိင်တံ၊ လက်ချောင်း၊ လျှာ တို့ကို ထိုးသွင်းခြင်း (သို့မဟုတ်) တစ်ဦးတည်း ပြုလုပ်ခြင်း မည်သည်ကို ဆိုလိုသည်ကို မသိရှိပါ။ပို၍နားလည်ရန် ခက်ခဲသည့်အချက်မှာ လူမှုအဖွဲ့အစည်းမှ “အပျိုစစ်စစ်၊ လူပျိုစစ်စစ်” အား မည်သို့ ဆုံးဖြတ်သတ်မှတ်သည် ဟူသည့်အချက်ဖြစ်ပါသည်။ တစ်ခါတစ်ရံ နှိမ်ချသည့် အနေဖြင့် သုံးနှုန်းပြီး တစ်ခါတစ်ရံ တန်ဖိုးထားသည့်အနေဖြင့်၊ တစ်ခါတစ်ရံအချက်အလက် တစ်ခုအနေဖြင့်သာ ဖော်ပြပြောဆိုခြင်း ဖြစ်ပါသည်။

ယခုအခါ အမျိုးသမီးတစ်ဦးအား အပျိုစစ်ကြောင်း သတ်မှတ်ရန် အတွက် အပျိုမြှေးကို စစ်ဆေးခြင်းအား မပြုလုပ် တော့ပါ။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးတိုင်းတွင် အပျိုမြှေး ပါရှိသည် မဟုတ်ပါ။ အချို့မှာ ထိုအမြှေးပါသော်လည်း အပြည့်အဝမပါပါ။ ထို့ပြင် အမြှေးသည် ပါးလွန်းသည့်အတွက် ပြေးခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်း (သို့မဟုတ်) မြင်းစီးခြင်းကဲ့သို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများတွင်ပင် စုတ်ပြဲသွားနိုင်ပါသည်။

Q: လစဉ်ရာသီလာစဉ် မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း၊ ဆီးစပ်ကိုက်ခဲခြင်း၊ ခါးကိုက်ခြင်းများ ဘာကြောင့်ဖြစ်ရပါသလဲ။ ရာသီလာလို့ ဗိုက်အောင့်လျှင် ဘာဆေး သောက်ရမလဲ။

A: ရာသီလာခံနီးဆီးစပ်နှင့်ခါးကိုက်ပြီး ရာသီလာလိုက်လျှင်သက်သာသွားပါက သာမန် ဖြစ်ရိုးဖြစ်စဉ်ကိုက်ခဲခြင်းသာဖြစ်သည်။ အညောင်းထိုင်တာများရင်လည်း ဖြစ်တတ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လိုပါသည်။ရာသီလာရက် အားလုံးတွင် ကိုက်ခဲပြီး၊ ဆေးသောက်ရခြင်း၊ အလုပ်ပျက်သည်အထိ ပြင်းထန်လျှင် မီးယပ်ရောဂါဖြစ်နိုင်သည် တတ်ကျွမ်းသော ဆရာဝန် နှင့်တိုင်ပင်ပါ။

Q: သားအိမ်မရှိလျှင်ရော ရာသီလာနိုင်ပါသလား။

A: သားအိမ်တစ်ခုလုံး ထုတ်လိုက်လျှင် ရာသီမလာနိုင်တော့ပါ။

Q: ရာသီလာနေစဉ်အတွင်းမှာ ရေချိုးခြင်း၊ အေးတဲ့အစာစားခြင်း (ဥပမာ-သခွားသီး) ပြုလုပ်မိပါက ရာသီပြန်ငုတ်တတ်သည်ဟု သိရှိရပါသည်။ ၄င်းမှာ အန္တရာယ် ဖြစ်နိုင်ပါသလား။

A: ပုံမှန်ရေချိုး ခေါင်းလျှော်လုပ်နိုင်ပါသည် ရာသီ ကိုမငုတ်စေပါ။ရာသီကို ငုတ်စေသော အစားအစာ မရှိပါ။

Q: အချို့အမျိုးသမီးတွေ ငယ်ကနေအိုတဲ့အထိ ဘာဖြစ်လို့ရာသီမလာတာလဲ။ သူ့အတွက်ရော အန္တရာယ်ရှိလား။

A: အချို့အမျိုးသမီးတွေ တသက်လုံး ရာသီမလာတာ ဖြစ်နိုင်ပါသည်။ မွေးရာပါ သားအိမ်မပါခြင်း၊  သားအိမ်ပါသော်လည်း သားအိမ် အလုပ်မလုပ်ခြင်း ကြောင့် တသက်လုံး ရာသီမလာဘဲ၊ သားသမီးလည်း မရနိုင်ပါသည်။ အချို့တွင် သားအိမ်ပါပြီး သားဥအိမ် အလုပ်လုပ်သော်လည်း မိန်းမကိုယ်လမ်းကြောင်းပိတ်နေလျှင် ရာသီမလာ ဘဲ တလ တကြိမ် ပြင်းထန်စွာ ကိုက်ခဲနာကျင်ခြင်းကြောင့် ကုသမှုခံယူ ရန်လိုပါသည်။  သားသမီးမရနိုင်ပါ။ မိန်းမကိုယ် လမ်းကြောင်းမပါပါက အိမ်ထောင်ပြုလိုလျှင် ကျွမ်းကျင်သော မီးယပ်ပါရဂူနှင့် ခွဲစိတ်ပြုပြင်နိုင်ပါသည်။

Q: ရာသီသွေးလာပြီး ၂-၃ရက်လောက် နားပြီးပြန်လာတာ ဘာကြောင့်လဲ။

A: မိန်မကိုယ်အတွင်းမှ ရာသီသွေး အကြွင်းအကျန်ဆင်းခြင်းကြောင့်ဖြစ်နိုင်ပါသည်။ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်းဖြစ်နိုင်သဖြင့် နားလည်တတ်ကျွမ်းသူနဲ့ စစ်ဆေးကြည့်သင့်ပါတယ်။

Q: ရာသီသွေးမပေါ်ဘဲ လအနည်းငယ် (၃-၄လ) ထိ ကြာမယ်ဆိုရင် ဘယ်လိုအန္တရာယ် ရှိနိုင်ပါသလဲ။

A: ရာသီထိန်ရသော အကြောင်း အရင်းပေါ်တွင်အခြေခံပါသည်။နားလည်တတ်ကျွမ်းသောဆရာဝန် ဆရာမ နှင့်ပြပါ။

Q: တစ်လထဲ ရာသီ(၃)ခါလာတယ်။ (၁၀)ရက်လောက်ဆိုရင် (၂)ရက်လောက်လာပြီး နောက်(၁၀)ရက် ဆိုရင်လည်း (၂)ရက် ထပ်လာတယ်။ အဲဒါဘာဖြစ်လို့လဲ။

A: ဟော်မုန်းအတက်အကျမမှန်ခြင်း၊ သားအိမ်ရောဂါတစ်ခုခုရှိနေခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ ဆရာဝန်နဲ့ပြကြည့်ဖို့ လိုအပ်ပါတယ်။

Q: ရာသီလာရင် ဗိုက်တအားကိုက်ပြီး နောက်ဆုံးသွေးခဲကျသွားမှ သက်သာသွားတယ်။ ဘာဖြစ်လို့လဲ။

A: ရာသီလာတာများခြင်းကြောင့်ဖြစ်သည်။တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်တိုင်ပင်ပါ။