HIV/AIDS

မြန်မာနိုင်ငံရှိ HIV ရောဂါဖြစ်ပွားမှုအခြေအနေ

မြန်မာနိုင်ငံရှိ အသက်၁၅နှစ်နှင့်အထက် အရွယ်များတွင် HIV ကူးစက်ပျံ့ပွားမှုနှုန်းမှာ ၂၀၁၅တွင် (၁%) အောက်၌ တည်ငြိမ်လျှက် ရှိပြီး HIVကြောင့် သေဆုံးမှုနှုန်းမှာလည်း မကြာသေးမီကာလ အတွင်း (၂၀၁၁ တွင် ၁၅,၆၀၁ ရှိခဲ့ရာမှ ၂၀၁၅ တွင် ၉,၆၇၅ အထိ) သိသိသာသာလျော့ကျခဲ့ပါသည်။ သို့သော် ၂၀၁၅ခုနှစ်၌ HIV ဖြင့် အသက်ရှင်နေထိုင်သူ (၂၁၈,၀၀၀)ခန့် ရှိသည်ဟုခန့်မှန်းပြီး HIV သည် အဓိကဦးတည်အုပ်စုများဖြစ်သော မူးယစ်ဆေး သွေးကြောတွင်းထိုးသွင်း သူများ(PWID)၊ အမျိုးသမီး လိင်လုပ်သားများ (FSW)၊ အမျိုးသားချင်း လိင်ဆက်ဆံသူများ (MSM) နှင့် ၎င်းအုပ်စုများ၏ အိမ်ထောင်ဖက်များ (ကြင်ဖော် ကြင်ဖက်များ)တွင် ကပ်ရောဂါအသွင်ဖြင့် ပြင်းထန်စွာဖြစ်ပွားလျှက် ရှိပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် အမျိုးသားအဆင့် HIV ကူးစက် ပျံ့ပွားမှုနှုန်းမှာ ၂၀၁၄ခုနှစ်တွင် မူးယစ်ဆေးသွေးကြောတွင်း ထိုးသွင်း သူများ၌ (၂၈.၅%) ရှိပြီး ၂၀၁၅ခုနှစ်တွင် အမျိုးသမီး လိင်လုပ်သား၌ (၁၄.၆%) နှင့် အမျိုးသားချင်းလိင်ဆက်ဆံသူများ တွင်(၁၁.၆%) ရှိပါသည်။