သားအိမ်တွင်းသားဆက်ခြားပစ္စည်းထည့်ခြင်း (Intra Uterine Device)

သားအိမ်တွင်းထည့်ပစ္စည်း (IUD) ထည့်ခြင်းဖြင့် သားဆက်ခြားခြင်း

  • သားအိမ်တွင်းထည့်ပစ္စည်းသည် သေးငယ်၍ ကြေးနီဖုံးအုပ်ထားသော (သို့) ဟော်မုန်းပါဝင်သော ပလတ်စတစ်ပစ္စည်းဖြစ်သည်။
  • ၄င်းကို သားအိမ်အတွင်းသို့ ထည့်ထားခြင်းဖြင့် သားဆက်ခြား နိုင်ပါသည်။

အသုံးပြုပုံ

  • ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးရုံဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်းက ထည့်ပေးနိုင်ပါသည်။
  • သားအိမ်တွင်းထည့် ပစ္စည်းကြိုးစကို နေရာတကျ ရှိမရှိ မှန်မှန် စစ်ဆေးကြည့်ရမည်။
  • ၃ နှစ်မှ ၅ နှစ်အထိ ကာကွယ်ပေးသည်။
  • သားသမီးပြန်လိုချင်ပါက ဆေးရုံဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်းက ထုတ်ပေးနိုင်သည်။

ကောင်းကျိုးများ

  • အန္တရာယ်ကင်းပြီး ထိရောက်သော  ရေရှည်သားဆက်ခြားနည်းလမ်း ဖြစ်သည်။
  • ပြန်ထုတ်လိုက်သည်နှင့်တပြိုင်နက် ကိုယ်ဝန်ပြန်ရနိုင်ပါသည်။
  • နေ့စဉ်ဆေးသောက်ရန်မလိုပါ။
  • လိင်ဆက်ဆံမှုကိုမထိခိုက်ပါ။
  • မည်သူမျှမသိနိုင်ပါ။ သို့သော်တခါတရံလိင်ဆက်ဆံချိန်တွင်   ကြိုးနှင့်ထိမိပြီးသိနိုင်ပါသည်။
  • ကလေးမွေးပြီးပြီးချင်း ထည့်နိုင်ပါသည်။
  • နို့တိုက်ကျွေးစဉ်သုံးနိုင်ပါသည်။
  • ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသော အမျိုးသမီးငယ်များတွင်ပင် သုံးနိုင်ပါသည်။
  • ၉၉.၂% ထိရောက်သည်။
  • လိင်ဆက်ဆံပြီး ၅ရက်အတွင်းထည့်ပါက အရေးပေါ်သားဆက်ခြားနည်းအဖြစ် သုံးနိုင်ပါသည်။

မကောင်းကျိုးများ

  • သားဆက်ခြားပစ္စည်းထည့်စဉ်နှင့် ထည့်ပြီးရက်အနည်းငယ်အတွင်း နာကျင်မှုရှိနိုင်ပါသည်။
  • ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ထည့်ပေးရန်၊ ထုတ်ပေးရန် လိုအပ်သည်။
  • အချို့အမျိုးသမီးများတွင် လစဉ်ရာသီသွေးဆင်းမှုပမာဏ များလာခြင်း၊ ရက်ရှည်လာခြင်း၊ မမှန်တော့ခြင်း၊ ရာသီသွေးဆင်းချိန်တွင် ကိုက်ခဲမှုပိုများခြင်းနှင့် အဖြူဆင်းခြင်းများ ဖြစ်နိုင်ပါသည်။
  • သွေးဆင်းများခြင်းကြောင့် သွေးအားနည်းခြင်းဖြစ်နိုင်သည်။
  • မျိုးပွားအင်္ဂါတွင် ရောဂါပိုးဝင်နိုင်ပြီး သားအိမ်ရောင်တတ်ပါသည်။