နေ့စဉ်သောက် ဟော်မုန်းနှစ်မျိုးပါ သားဆက်ခြားဆေး

  •   ပထမ (၂၁)လုံးမှာ အီစတြိဂျင် ဟော်မုန်းနှင့်  ပရိုဂျက်စတီရုန်း ဟော်မုန်းနှစ်မျိုး ပါဝင်သည်။
  •  (၂၈)လုံးပါရှိသော ဆေးကဒ်၏ နောက်ဆုံး (၇)လုံးမှာ ဟော်မုန်း မပါဝင်ဘဲ သံဓာတ်အားဖြည့်ပေးရန်ဖြစ်သည်။

အသုံးပြုပုံ

  • နေ့စဉ်တစ်နေ့တစ်လုံးသောက်ရန်လိုသည်။
  • ရာသီစတင်လာသောရက်မှ (၅) ရက်အတွင်း စသောက်ပါ။ အခြားအချိန်များတွင်သောက်လျှင်၊ ပထမ (၇) ရက် အတွင်း အာနိသင် စိတ်မချရသေးပါ။ အခြားသားဆက်ခြားနည်း (ဥပမာ-ကွန်ဒုံး)ကို (၇) ရက် တွဲသုံးပါ။
  • ဆေးတစ်ကဒ်ကုန်လျှင် နောက်တစ်ကဒ် အသစ် ဆက်သောက်ပါ။
  • နေ့စဉ် သောက်နေကျအချိန်တွင် အချိန်မှန်မှန် သောက်ရမည်။ မေ့သွားလျှင် သိသိချင်း တစ်လုံးသောက်ပါ။ ပုံမှန်သောက်နေကျအချိန်တွင်လည်း ထပ်သောက်ပြီး ကွန်ဒုံးကို တစ်ပတ်တွဲသုံးပါ။ သို့မပာုတ် ဆရာဝန်နှင့်တိုင်ပင်ပါ။
  • ကလေးပျက်ပြီး ချက်ချင်း စသုံးနိုင်သည်။ (၇)ရက်အတွင်း သုံးလျှင် အခြားနည်းလမ်းများ တွဲသုံးရန်မလိုပါ။
  • ကလေးမွေးပြီးနို့မတိုက်လျှင်၊ မွေးပြီး (၂၁) ရက်မှ (၂၈) ရက်အတွင်း စသောက်နိုင်ပါသည်။
  • နို့တိုက်နေပါက ကလေးခြောက်လကျော်မှ စသောက်နိုင်ပါသည်။

ကောင်းကျိုးများ

  • သားဆက်ခြားအာနိသင် ကောင်းသည်။
  • ကလေးပြန်လိုချင်၍ဆေးဖြတ်လျှင် ချက်ချင်းပြန်ရနိုင်သည်။
  • ရာသီပုံမှန်လာစေသည်။
  • ရာသီလာရာတွင် သွေးဆင်းနည်း၍ နာကျင်ကိုက်ခဲမှု သက်သာလျော့နည်းသည်။
  • မည်သည့်အသက်တွင်မဆို အသုံးပြုနိုင်သည်။
  • လိင်ဆက်ဆံမှုကို အနှောက်အယှက်မဖြစ်စေပါ။
  • ကိုယ်ဝန်မရှိမှန်းသေချာလျှင် မည်သည့်အချိန်တွင်မဆို စတင်သောက်နိုင်ပါသည်။
  • တိကျသေချာစွာ အသုံးပြုပါက ၉၉.၇% ထိရောက်နိုင် သည်။ အမျိုးသမီး ၁၀၀ လျှင် ပထမတစ်နှစ်အတွင်း မလိုလားသော ကိုယ်ဝန်ရနိုင်ခြေ (၆) ဦးမှ (၁၂) ဦးအထိဖြစ်နိုင်ပါသည်။
  • သားဥအိမ်ကင်ဆာနှင့် သားအိမ်အမြှေးပါးကင်ဆာကို ကာကွယ်သည်။

မကောင်းကျိုးများ

  • နေ့စဉ်ဆေးကို မမေ့မလျော့သောက်ရန် လိုအပ်သည်။
  • ဆေးသောက်စတွင် အနည်းငယ်ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ အန်ခြင်း၊ ရင်သားတင်းခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းတို့ ဖြစ်တတ်ပါသည်။
  • အချို့ သော ကျန်းမာရေးအခြေအနေများတွင် သောက်သုံးရန်မသင့်သည်များရှိသဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သင့်ပါသည်။