HIV ပိုးအားစစ်ဆေးခြင်း

HIV/AIDS အတွက် စစ်ဆေးမှုကို ဆေးခန်း၊ ဆေးရုံ(သို့မဟုတ်) မိမိသဘော ဆန္ဒအလျောက် လျှို့ဝှက်စွာ HIV/AIDS နှစ်သိမ့် ဆွေးနွေးပညာပေးမှုနှင့် သွေးစစ်မှုဌာန (voluntary confidential counselling and testing - VCCT) တို့တွင် ပြုလုပ်နိုင်ပါသည်။

HIV စစ်ဆေးမှုတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းသည် ထိုဌာနတွင် အသုံးပြု သော စစ်ဆေးမှုအမျိုးအစားပေါ်မူတည်ကာ သွေးနမူနာ (လက်မှသို့မဟုတ် လက်ချောင်းမှ) သို့မဟုတ် ခံတွင်းမှအရည် နမူနာအား ယူနိုင်ပါသည်။ HIV စစ်ဆေးချက်တိုင်းအား တင်းကြပ်စွာ လျှို့ဝှက်ထိန်းသိမ်း ပေးထားရမည် ဖြစ်ပြီး သင်သဘောတူ မှသာလျှင် စစ်ဆေးပေးမည်ဖြစ်သည်။ HIV စစ်ဆေးမှု အားခံယူရန် သင့်အားမည်သူကမျှ အတင်းအကြပ် မတိုက် တွန်းနိုင်ပါ။ အသုံးပြုသည့် စမ်းသပ်စစ်ဆေးမှု အမျိုးအစားပေါ်မူတည်ကာ အဖြေထွက်ရန်မိနစ်ပိုင်း၊ ရက်ပိုင်းမှ ရက်သတ္တပတ်အနည်းငယ် ကြာမြင့် နိုင်ပါသည်။ အဖြေထွက်လာပါက ကျန်းမာရေးဝန်ထမ်းမှ အဖြေအားရှင်းပြ မည်ဖြစ်ပြီး ပိုးတွေ့ရှိပါက ရှေ့ဆက်လုပ်ရမည်မှာ နှစ်သိမ့်ဆွေးနွေးမှုနှင့် ဆေးကုသမှုခံယူခြင်း ဖြစ်ပါသည်။

ပိုကောင်းသောဆေးများနှင့် ကုသနည်းများမရှိသေးမီက HIVကူးစက်ခံရ သည့်အဆင့်မှ AIDS ရောဂါဖြစ်လာသည့်နှုန်းမှာ အလွန်လျှင်မြန်ပါသည်။ နှစ်အနည်းငယ်သာကြာပါသည်။ ယခုခေတ်တွင် HIVကူးစက်ခံထားရသော သူတစ်ဦးသည် AIDSရောဂါအဆင့်သို့ အချိန်အကြာကြီးနေမှ ရောက်ရှိ ပါသည်။ အမှန်စင်စစ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကိုအတိအကျ သောက်သည့် HIV ကူးစက်ခံရသူအများအပြားသည် AIDS ရောဂါအဆင့်သို့ အလျှင်အမြန်မရောက်ရှိသွားပါ။