ဂရုစိုက်ပေးတတ်ခြင်း

အခြားသူတစ်ဦး၏ ခံစားချက်၊ လိုအပ်ချက်၊ ကြိုက်နှစ်သက်မှု၊ လိုချင်မှုတို့ကို စိတ်ဝင်တစား ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ အခြားသူတစ်ဦး အပေါ်တွင် အာရုံစူးစိုက်၍ ကူညီထောက်ပံ့ပေးချင်၊ ကာကွယ်ပေးချင်သော ချစ်ခင်နှစ်သက် သည့် စိတ်ခံစားချက်ရှိခြင်း ဖြစ်သည်။

            ဥပမာ   ။           ။ နေမကောင်းသော (သို့မဟုတ်) အကူအညီ အထောက်အပံ့လိုအပ်နေသော မိသားစုဝင် (သို့မဟုတ်) သူငယ်ချင်းကို ဂရုစိုက်ကူညီပေးခြင်း ဖြစ်သည်။

  • နှစ်ဦးနှစ်ဖက်စလုံးတွင် ထိုအရည်အချင်း (၅)မျိုးရှိလျှင် အကောင်းဆုံးဆက်ဆံရေးဖြစ်လာနိုင်သည်။
  • မိမိတို့နှင့် မျှော်မှန်းချက်ကွဲပြားနိုင်သောမိဘများအား မိမိတို့၏ လိုအပ်ချက်များကို ရှင်းပြရာတွင် ထိုအရည်အချင်း (၅)မျိုးကို ထည့်သွင်းစဉ်းစားပါ။
  • ထိုအရည်အချင်း (၅)မျိုးသည် သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများကို လျော့ပါးစေနိုင်ပြီး အရေးကြီးသော ဆက်ဆံ ရေးကို ခိုင်မြဲစေသည်။