ကလာမိုင်းဒီးယား

ကလာမိုင်းဒီယားဖြစ်နေသူ အများစုသည် ထိုရောဂါဖြစ်နေမှန်းမသိကြပါ။ အဘယ်ကြောင့်ဆိုသော ထိုရောဂါသည် များသောအားဖြင့် မည်သည့်လက္ခဏာမျှမပြသောကြောင့်ဖြစ်ပါသည်။ ယင်းသည်သင်၏လိင်အင်္ဂါလမ်းကြောင်းတွင် ဘတ်တီးရီးယားပိုးဝင်ခြင်းဖြစ်ပါသည်။ ရောဂါကူးစက်မှု၏အစောပိုင်းအဆင့်များတွင် လက္ခဏာများအလွန်နည်းခြင်း (သို့မဟုတ်) မရှိခြင်းကြောင့် ကလာမိုင်းဒီးယားသည် ဖော်ထုတ်သိရှိရန်ခက်ခဲလေ့ရှိပါသည်။ လက္ခဏာပြလျှင်မူ ကလာမိုင်းဒီးယားနှင့် ထိတွေ့ပြီးနောက်တစ်ပတ်မှသုံးပတ်အတွင်းတွင် စတင်လက္ခဏာပြပါသည်။ လက္ခဏာများ ပေါ်ပေါက်လာလျှင်ပင် မပြင်းထန်သည့်အတွက် သတိမပြုမိလိုက်ဘဲဖြစ်သွားနိုင်ပါသည်။

သိသင့်သည့်အဓိကအချက်အချို့

  • ကလာမိုင်းဒီးယားသည် ပဋိဇီဝဆေးများဖြင့် အောင်မြင်စွာကုသနိုင်သော ဘတ်တီးရီးယားပိုးကူးစက်မှုတစ်ခုဖြစ်ပါ သည်။
  • ကလာမိုင်းဒီးယား တိတ်တဆိတ်ရှိနေတတ်ပြီး ကလာမိုင်းဒီးယားရောဂါရှိသော လူအများစုတွင် မည်သည့်လက္ခဏာမျှမပြပါ။
  • သင်သည် ကလာမိုင်းဒီးယားအား မိန်းမကိုယ်၊ စအိုနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံမှုများတစ်ဆင့် ကူးစက်ခံရနိုင် ပါသည်။