HPV ကူးစက်မှု

HPV ကူးစက်မှုသည် အဖြစ်အများဆုံး STI အမျိုးအစားများထဲမှ တစ်ခု ဖြစ်ပါသည်။ အချို့ HPV ပိုးများသည် အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါသည်။ အချို့က လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေနိုင်ပါသည်။ HPV သည် များသောအားဖြင့် ရောဂါလက္ခဏာ မပြပါ။ လိင်အင်္ဂါကြွက်နို့၏ ရောဂါလက္ခဏာအချို့မှာ

  • လိင်အင်္ဂါတစ်ဝိုက်တွင် သေးငယ်သော အသားအရောင် သို့်မဟုတ် မီးခိုးရောင် အဖုလေးများ ထွက်လာခြင်း
  • အချို့ကြွက်နို့များမှာ စုနေပြီး  ဂေါ်ဖီပန်းပွင့်ပုံစံ ဖြစ်နေပါသည်။
  • လိင်အင်္ဂါတစ်ဝိုက်တွင် ယားယံခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
  • လိင်ဆက်ဆံစဉ် သွေးထွက်ခြင်း

သို့သော် လိင်အင်္ဂါကြွက်နို့များသည် များသောအားဖြင့် လက္ခဏာမပြပါ။ လင်အင်္ဂါကြွက်နို့များသည် အချင်း(၁) မီလီမီတာ သို့မဟုတ် ကြီးမားသော အစုအဝေးများအဖြစ် ပွားများလာနိုင်ပါသည်။

အမျိုးသမီးများတွင် လိင်အင်္ဂါကြွက်နို့သည် မိန်းမကိုယ်နုတ်ခမ်းသား၊ မိန်းမကိုယ်နံရံများသည် မိန်းမအင်္ဂါဇာတ်နှင့် စအိုကြား၊ သားအိမ်ခေါင်းတို့တွင် ပေါက်နိုင်ပါသည်။ အမျိုးသားများတွင် လိင်တံ၏ ထိပ် သို့မဟုတ် ရိုးတံ၊ ကပ္ပါယ်အိတ် သို့မဟုတ် စအိုတွင် ပေါက်နိုင်ပါသည်။ လိင်အင်္ဂါကြွက်နို့သည် ရောဂါရှိသူနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံသူတွင် ပါးစပ် သို့မဟုတ် လည်ချောင်းများတွင် ပေါက်နိုင်ပါသည်။