အမ်ဖက်တမင်း နှင့် အမ်ဖက်တမင်း ပုံစံ စိတ်ကြွဆေးများ(ATS)

အမ်ဖက်တမင်းနှင့် အမ်ဖက်တမင်းပုံစံ စိတ်ကြွဆေးများ (ATS=Amphetamine-type stimulants) သည်ပုံစံ၊ အရောင်မျိုးစုံရှိသည်။ ဆေးလုံးသောက်ခြင်း၊ အငွေ့ရှုခြင်း၊ အမှုန့်ရှုခြင်း သို့မဟုတ် ဆေးထိုးအပ်ဖြင့်ထိုးခြင်း စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် သုံးနိုင်သည်။ စိတ်ကြွဆေးများကို “ကျောင်းစာများပိုလုပ်နိုင်ရန်” အလွဲသုံးခဲ့ကြသည်။ (ဥပမာ - စာမေးပွဲအတွက် တစ်ညလုံးစာကျက်ရန်)။ သို့သော် လေ့လာချက်များအရ စိတ်ကြွဆေးများသည် ADHD ( Attention deficit hyperactivity disorder) ရောဂါရှိသည်ဟု တွေ့ရှိထားသူများမှလွဲ၍ လေ့လာမှု၊ တွေးခေါ်မှုစွမ်းရည်ကို မတိုးတက်စေပါ။ အချို့က စိတ်ကြွဆေးကို လန်းဆန်းတက်ကြွစေရန်၊ အအိပ်အစား နည်းနည်းဖြင့် ပင်ပင်ပန်းပန်းနှင့် ရှည်ကြာစွာ အလုပ်လုပ်နိုင်ရန် သုံးသည်။