လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်ပြီလား

  •  ဤသည်မှာ လုံးလုံးလျားလျား သင်၏ကိစ္စပင် ဖြစ်ပါသည်။ ထိုမေးခွန်းမှာ ကိုယ်ကိုယ်ကို မေးရန် ဆီလျှော်ပြီး သဘာဝကျပါသည်။ အဘယ်ကြောင့် ဆိုသော် ဖြစ်ပေါ်လာမည့် ရလဒ်ကို မိမိဘာသာ လုံးဝ တာဝန်ယူရမည် ဖြစ်ပါသည်။ 
  • သင်တစ်ဦး တည်းသာ မည်သည့်အချိန်တွင် လိင်ဆက်ဆံရန် အဆင်သင့် ဖြစ်မည်ကို ဆုံးဖြတ်ရပါမည်။
  • ဤသည်မှာ ကြီးမားသော ခြေလှမ်းတစ်ခု ဖြစ်သည်။
  • သင်လိင်ဆက်ဆံပြီးသောအခါ ပြန်လည်ပြောင်းလဲ၍ မရတော့ပါ။ ထို့ကြောင့် သင့်ဆုံးဖြတ်ချက်သည် အလွန် အရေးကြီးပါသည်။ သင်လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်၊မဖြစ် ဆန်းစစ်ရန် ဤ မိုဘိုင်းအပ်၏ မေးခွန်းများဖြေ၍ ဆန်းစစ်ပါ။

သင်မည်သို့ သတ်မှတ်စေကာမူ အခြားလူတစ်ဦးနှင့် လိင်မှုကိစ္စ ပြုခြင်းမှာ တာဝန်ယူမှု များစွာ လိုအပ်သည်။ လိင်မဆက်ဆံမီ ပေါ့ပေါ့တန်တန် လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြသနာကို ကြိုတင် စဉ်းစားပါ။ (ဥပမာ -လိင်မှတစ်ဆင့် ကူးစက်ရောဂါ၊ မလိုအပ်သော ကိုယ်ဝန်)။ သင်သည် လိင်ကိစ္စကို ဆောင်ရွက်နေစဉ် စိတ်ပြောင်းလိုပါကလည်း ပြောင်းနိုင်ပါသည်။ သင်ရပ်တန့်လိုသည့် အချိန်တွင်လည်း ရပ်တန့်နိုင်ပါသည်။ ထို့ကြောင့် လိင်ဆက်ဆံခြင်းကို ပေါ့ပေါ့တန်တန် မပြုရန် အလွန်အရေးကြီးပါသည်။ 

လိင်ဆက်ဆံခြင်းနှင့် ဆက်နွယ်သော အန္တရာယ်များ

  • လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ
  • မလိုလားအပ်သော ကိုယ်ဝန်
  • အပျိုရည်/လူပျိုရည် ဆုံးရှုံးခြင်း
  • စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်များ