အစစ်ဆေးခံခြင်း၊ ကုသခံခြင်းနှင့် အဖော်များအား အသိပေးခြင်း

STI များသည် မကြာခဏဆိုသလို မည်သည့် လက္ခဏာမျှ မပြကြပါ။ သင်သည် အန္တရာယ်  မရှိသော လိင်ဆက်ဆံမှု ပြုခဲ့သ ည်ဆိုပါက STIရောဂါတစ်ခုခု ကူးစက်ခံ ရပြီလားဆိုသည်ကို သိရှိရန် အစစ်ဆေးခံဖို့ အရေးကြီးပါသည်။ လက္ခဏာတစ်စုံတစ်ရာ မရှိလျှင်ပင် သင်သည် သင်၏ လိင်အဖော်များထံ ရောဂါကို ပြန့်နှံ့သွားစေနိုင်ပါသည်။ ထို့ကြောင့် သင့်ထံတွင် ရောဂါတစ်ခု ရှိ၊ မရှိ သိအောင်လုပ်ရန် အရေးကြီးပြီ ဖြစ် ကြောင်း တွေ့ရှိရပါက သင့်အဖော် သို့မဟုတ် အဖော်များအား အသိပေးရပါမည်။ သို့မှသာ သူတို့လည်း စမ်းသပ်စစ်ဆေးခံကာ ကုသမှု ခံယူနိုင်မည်ဖြစ်သည်။

အချို့ STI များသည် ကုသရလွယ်ကူပြီး အချို့မှာ ပိုမိုရှုပ်ထွေးသော ကုသမှုများ လိုအပ်ပါသည်။ သင့်ထံတွင် STIရောဂါတစ်ခုရှိသည်ဟု သံသယရှိပါက သို့မဟုတ် STI ရောဂါတစ်ခု စစ်ဆေးတွေ့ရှိပါက ကုသမှုခံယူရန် အရေးကြီးပါသည်။ မကုသလျှင် STI များသည် HIVကဲ့သို့သော အခြား STI များကို ထပ်မံကူးစက်ခံရနိုင်ခြေကို ပိုများစေနိုင်ပါသည်။ ထိုသို့ဖြစ်ရခြင်း မှာ STI ရောဂါတစ်ခုသည် ကိုယ ခံအားစနစ်တုံ့ပြန်မှုအား လိင်အင်္ဂါနေရာသို့ ရောက်ရှိလာအောင် နိုးဆွခြင်း သို့မဟုတ် အနာများဖြစ်စေခြင်းတို့ ဖြစ်စေပါသည်။ ထိုနှစ်ခုစလုံးသည် HIVကူးစက်ခံနိုင်ခြေကို မြင့်တက်စေပါသည်။ အချို့ ကုသမှုမခံယူသည့် STIများသည ရောဂါရှင်ကို မြုံသွားစေနိုင်ပါသည်။ 

အသည်းရောင်အသားဝါကဲ့သို့ အချို့သော ရောဂါများသည် လိင်ပိုင်းဆိုင်ရာထိတွေ့မှုများ မရှိဘဲ ရောဂါပိုးရှိသူ၏ သွေးဖြင့် ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ဂနိုရောဂါကဲ့သို့သော ရောဂါများမှာမူ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုဖြင့်သာ ကူးစက်နိုင်ပါသည်။