အပျိုဖေါ် လူပျိုဖေါ်ဝင်ချိန် စိတ်ခံစားမှုဆိုင်ရာပြောင်းလဲမှုများ

(၁) ကျား၊မကွဲပြားခြင်းကိုစတင်သတိထားမိလာသည်။

(၂) လိင်ကိစ္စကို စတင်စိတ်ဝင်စားမိလာပြီး တစ်ကိုယ်တော် ကာမစိတ်ဖြေမှုကို စတင်ပြုလုပ်လာနိုင်သည်။

(၃) စူးစမ်းလိုစိတ်၊စွန့်စားလိုစိတ်များဖြစ်ပေါ်လာတတ်သည်။ စိတ်စေစားရာ နောက် ကိုလိုက်ပြီးလုပ်တတ်သည်။ စိတ်အတက်အကျ အပြောင်းအလဲ မြန်တတ်ပါသည်။

(၄) ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှင့်အလှအပကို တခြားရွယ်တူများနှင့် နှိုင်းယှဉ်ကာ အလွန်စိတ်ဝင်စားလာသည်။

(၅) ကိုယ်ပိုင် လွတ်လပ်ခွင့် ကိုပို၍ လိုလားလာကြပြီး မိသားစုနှင့်စာလျှင် သူငယ်ချင်းများ ကိုပိုမိုခင်တွယ်လာတတ်သည်။

(၇) သူငယ်ချင်း အပေါင်းအသင်းနှင့် မိမိတို့အထင်ကြီးသူများ၏ ပြုမူနေထိုင်ပုံများအတိုင်းလိုက်လုပ်တတ်လာသည်။

(၈) မိမိခြေထောက်ပေါ်မိမိရပ်တည်ချင်လာသည်။ မိမိလုပ်သော လုပ်ရပ်တွေအပေါ် အမှန်၊အမှားခွဲခြားလိုစိတ်များ ဖြစ်လာသည်။

(၉) ဘ၀အတွက် ကိုယ်ပိုင်ရည်မှန်းချက်၊ရည်ရွယ်ချက်များ​စတင်ချမှတ်လာ နိုင်သည်။

(၁၀) ကိုယ့်ကိုကိုယ်လူကြီးဖြစ်ပြီအထင်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် များနှင့်လုပ်ဆောင်လိုစိတ်များရှိလာသည်။

(၁၁) တင်းကျပ်သည်ဟုထင်သော စည်းကမ်းများကို အရွဲ့တိုက်ပြီးဆန့်ကျင်လုပ်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာသည်။