ဘဝတန်ဖိုးများက လူတစ်ယောက်အတွက် ဘယ်လိုအထောက်အကူပြုလဲ

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း။

လူတစ်ဦးချင်းစီရဲ့တန်ဖိုးထားမှုတွေဟာ အလွန်အရေးပါပြီး အဓိပ္ပါယ်ရှိတယ်။ လူအမျိုးမျိုးမှာ မတူညီ တဲ့ တန်ဖိုးထားမှုတွေရှိတယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့  ကိုယ်ပိုင်တန်ဖိုးထားမှုတွေအတိုင်း ဆုံး ဖြတ်နေထိုင်ဖို့ အရေးကြီးတယ်။ လူငယ်တွေအနေနဲ့  ဘာတွေကို တန်ဖိုးထားထားရမယ်ဆိုတာ သိလာဖို့ သတင်းအချက်အလက်တွေပေးတဲ့ အဓိကလူတွေကတော့ မင်းတို့ရဲ့မိသားစုတွေပဲ ဖြစ်တယ်။ ငယ်စဉ်ကတည်းက မိသားစုတွေရဲ့ အပြောအဆိုအပြုအမူတွေကတစ်ဆင့် မိသားစုရဲ့ တန်ဖိုးထားမှုတွေကို သင်ယူလာကြတာဖြစ်တယ်။

မိသားစုပတ်ဝန်းကျင်မှ ဆက်သွယ်တည်ဆောက်ပေးလိုက်သော တန်ဖိုးထားမှုများဟာ လူတစ်ယောက်ကို အောက်ပါအချက်များအတွက် အထောက်အကူပြုနိုင်ပါတယ်။

  • မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း
  • မိမိကိုယ်မိမိ လုပ်ရည်ကိုင်ရည်ရှိသူများအဖြစ် ယုံကြည်စွာ ကြိုးစားခြင်း
  • အချိန်နှင့်ပစ္စည်းဥစ္စာများကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း
  • မိမိကိုယ်မိမိ ပိုမိုနားလည်ခြင်း
  • ဘဝတွင်တွေ့ရမည့် အခက်အခဲပြဿနာများကို ကျော်လွှားနိုင်ခြင်း
  • မိမိတို့၏ ရည်မှန်းချက်နှင့် တန်ဖိုးထားမှုများအပေါ်မူတည်၍ လိုက်လျောညီထွေစွာ ပြုမူနေထိုင်နိုင်ခြင်း
  • အခြားသူများ၏ တန်ဖိုးထားမှုများအပေါ် လေးစားနားလည်နိုင်ခြင်းတို့ဖြစ်ပါတယ်။
            လူအမျိုးမျိုးတွင် မတူညီသောတန်ဖိုးထားမှု အမျိုးမျိုးရှိနိုင်သည်။ မိမိ၏ ကိုယ်ပိုင်တန်ဖိုးထားမှုအတိုင်း ဆုံးဖြတ် နေထိုင်ရန်လိုသည်။

တန်ဖိုးထားမှုဆိုင်ရာ သတ်မှတ်ချက် (၄)ချက်

  • သင်လက်ခံသောအရာ [ဥပမာ- ကျောင်းမှန်မှန်တက်ရမည်။(လက်ခံသောအရာ)၊ ကျောင်းပြေးမည်။ (လက်မခံသော အရာ)]
  • သင်လွတ်လပ်စွာရွေးချယ်သောအရာများ (သင်၏တန်ဖိုးထားရွေးချယ်မှုကို မိဘနှင့် အခြားသူများ၏ လွှမ်းမိုးမှုအနည်းငယ်ရှိနိုင်သော်လည်း အခြားမည်သူတစ်ဦးတစ်ယောက်မျှ တွန်းအားပေး၍မရပါ။)
    [ဥပမာ-မိဘနှင့်အခြားသူများက ကျောင်းမှန်မှန်တက်ရမည်ဟု ပြောကြ၍မဟုတ်ဘဲ သင်ကိုယ်တိုင်ကပင် ကျောင်းမှန်မှန်တက်ရန် ဆန္ဒရှိသည်။]
  • သင်ယုံကြည်မှုအပြည့်ဖြင့် ရပ်တည်ရန် ဆန္ဒရှိသောအရာများ 
    [ဥပမာ- ကျောင်းမှန်မှန်တက်မှ စာလိုက်နိုင်မည်၊ ပညာတတ်ဖြစ်မည်ဟု ယုံကြည်ထားသည်။]
  • သင်၏အပြုအမူနှင့်ဘ၀ကို လမ်းညွှန်ပေးသောအရာများ
    [ဥပမာ-ကျောင်းမှန်မှန်တက်ခြင်း၊ စာမှန်မှန်ကျက်ခြင်း၊ ဆရာစကားနားထောင်ခြင်းဖြင့် ဘ၀တစ်လျှောက်လုံးအတွက် ကောင်းသောအပြုအမူနှင့် အလေ့အကျင့်များရရှိလာသည်။]