HIV ပိုးကူးစက်ပျံ့ပွားပုံ

HIV ပိုးသည် အကာအကွယ်မဲ့ လိင်တူလိင်ကွဲလိင်ဆက်ဆံခြင်း၊ မသန့်ရှင်းသော (HIV ပိုးရှိသော) သွေးသွင်းခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်များနှင့် ရောဂါရှိသောမိခင်မှတဆင့် ကလေးသို့ ကိုယ်ဝန် ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် နို့တိုက်ကျွေးစဉ်အခါများတွင် ကူးစက် နိုင်ပါသည်။

HIV ပိုးကူးစက်ခံထားရသူ၏ ခန္ဓာကိုယ်မှအရည်များနှင့် ထိတွေ့မိလျှင် HIV ပိုးကူးစက်နိုင်ပါသည်။ ယင်းတို့မှာ-

  • သွေး
  • သုတ်ရည်
  • သုတ်ရည်ကြည် (အမျိုးသားတစ်ဦး လိင်စိတ်ကြွလာသောအခါ လိင်တံမှ ထွက်လာသော ချောဆီကဲ့သို့သောအရည်)
  • မိန်းမကိုယ်မှအရည်
  • နို့ရည်
  • ပွန်းပဲ့ဒဏ်ရာများ၊ လိင်အင်္ဂါအနာများရှိပါက ပိုမိုကူးစက်နိုင်သည်။

HIV ပိုးသည် လူ၏ခန္ဓာကိုယ်ပြင်ပ၌ ရှည်ကြာစွာ အသက်ရှင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် HIV ပိုးသည်လေ (သို့) ရေမှတဆင့် မကူးစက်နိုင်ပါ။ ခြင်ကဲသို့သော ပိုးမွှားများကိုက်ခံရခြင်း၊ ဆီး၊ တံတွေး၊ မျက်ရည်၊ ချွေးနှင့် သာမန်ထိတွေ့ဆက်ဆံမှုများ ဖြစ်သော ရေအိမ်တစ်ခုတည်းသုံးစွဲခြင်းနှင့် ပန်းကန်ခွက်ယောက်များ ဝေမျှသုံးစွဲခြင်းတို့မှ မကူးစက်နိုင်ပါ။

HIVပိုးကူးစက်ခံထားရသူနှင့် နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း (သို့မဟုတ်) လက်ဆွဲ နှုတ်ဆက်ခြင်းတို့ကြောင့် မကူးစက်နိုင်သလို နှာချေခြင်း၊ လေမှတစ်ဆင့်၊ ခြင်ကဲ့သို့အင်းဆက်ပိုးမွှားကိုက်ခြင်း၊ တိရစ္ဆာန်များ၊ တံခါးလက်ကိုင်များ၊ ညစ်ပေသောဖန်ခွက်များမှတစ်ဆင့် မကူးစက် နိုင်ပါ။