ဆေးဝါးအပေါ်မှီခိုမှု (Dependance)

ဆေးဝါးအပေါ်မှီခိုမှု (Dependance) ဆိုသည်မှာ ဆေးသုံးခြင်းကို ရပ်လိုက်လျှင် ခံစားရမည့် ဝေဒနာများကို ရှောင်ရှားလို၍ ဆက်လက်သုံးစွဲ နေသောအခြေအနေ ဖြစ်ပါသည်။

ဆေးစွဲခြင်း(Addiction) - မိမိ၏ကျန်းမာရေးနှင့်ဘ၀ အတွက် ဆိုးရွားသော နောက်ဆက်တွဲထိခိုက်မှုများ ဖြစ်လာသောကြောင့်‌ ဆေးသုံးစွဲမှုကို ဖြတ်လိုသော်လည်း မဖြတ်နိုင်ဘဲ ဆက်လက်သုံးစွဲနေရသည့် အခြေအနေ ဖြစ်ပါသည်။

 ဆေးပြတ်လက္ခဏာ(ယင်းထခြင်း)- မူးယစ်ဆေးကြာရှည်စွာ သုံးစွဲပြီးဆေးကို လျှော့သုံးသည့်အခါ သို့မဟုတ် ရပ်လိုက်သည့်အခါ ဖြစ်ပေါ်လာတတ်သည့် လက္ခဏာ များဖြစ်သည်။ ၄င်းတို့မှာ  ဂနာမငြိမ်ခြင်း၊ ကြွက်သားနှင့် အရိုးများနာခြင်း၊ အိပ်မပျော်ခြင်း၊ ၀မ်းလျှောခြင်း၊ အန်ခြင်း၊ အေး၍ကြက်သီးထခြင်း၊ ခြေထောက်များ အလိုလိုလှုပ်ရှားတုန်ခါခြင်း စသည်တို့ဖြစ် သည်။ လက္ခဏာများနှင့် ခံစားရည့်ကာလတို့မှာ ဆေးအမျိုးအစား‌ပေါ်လိုက်၍မတူညီနိုင်ပါ။ ဥပမာ - ဟီးရိုးအင်း ဆေးပြတ်သည့် အခါ ဂနာမငြိမ်ခြင်း၊ ကြွက်သားနှင့်အရိုးများနာခြင်း၊ အိပ်မပျော်ခြင်း၊ ၀မ်းလျောခြင်း၊ အန်ခြင်း၊ အေးခြင်းတို့ ရက်အတန်ကြာ အထိ ဖြစ်နိုင်ပြီးစိတ်ဓါတ်ကျခြင်းနှင့် စိတ်မပျော်ခြင်းတို့မှာ ရက်သတ္တပတ်များစွာအထိ ကြာမြင့်နိုင်သည်။