ကူညီပံ့ပိုးမှု

ဆေးကုသမှုများကို လက်လှမ်းမီခြင်းသည် လူများအားပိုမိုသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရန် ကူညီပေးနေသည့်အပြင် HIV ကုသမှု များတွင်လည်းအရေးပါရှိပါသည်။ ဆေးများကိုထိရောက်စွာ အသုံးပြု နိုင်ရန်အတွက် စိတ်နှစ်မြှုပ်ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှု ရှိရပါမည်။ အဘယ်ကြောင့်ဆိုသော် ဆေးများအားနေ့စဉ် အချိန် အတိအကျသောက်သုံးရမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ အချို့လူများသည် ဆေးဝါးအချို့ကို ကောင်းစွာတုံ့ပြန်မှုမရှိခြင်း ဖြစ်နိုင်သလို လုံးဝတုံ့ပြန်မှုမရှိခြင်းလည်း ဖြစ်နိုင်ပါသည်။ အချို့ လူနာများတွင် ပြင်းထန်သော ဘေးထွက်အာနိသင်များလည်း ရှိကောင်းရှိနိုင်ပါသည်။

HIV ကူးစက်ခံထားရသူများအတွက် ဆေးကုသခံယူမှု၊ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုများသည် လူနာများ ကုသမှု ခံယူနေသည့် လုပ်ငန်းစဉ်အတွင်း အခက်အခဲများ ကြုံတွေ့ကောင်းကြုံတွေ့နိုင်သဖြင့် မည်သည့် စိန်ခေါ်မှုများ ကိုမဆိုရင်ဆိုင်ရန်ပင်လျှင် အထောက်အကူပြုပေးနိုင်ရန် လိုအပ် ပါသည်။

သင့်ထံတွင်မေးခွန်းများရှိပါကသင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူကိုမေးမြန်းနိုင်ပါသည်။

(ကဲ့ရဲ့ပြစ်တင်ခြင်းသည် ကူညီပံ့ပိုးမှုဟု မဆိုနိုင်ကြောင်း သင်သိပါရဲ့လား)