အသည်းကွဲခြင်း

လူငယ်တိုင်းနီးပါး အ၀မှာ တစ်ကြိမ်တစ်ခါတော့ အသည်းကွဲဖူးကြပါလိမ့်မယ်။ အသည်းကွဲခြင်းမှာ အမှန်တကယ်ပင် ထိခိုက်ခံစားရပါသည်။ သို့သော် ဒါဏ်ရာအားလုံးကို အချိန်က ကုစားပေးပါသည်။  အချိန်အတိုင်းအတာတစ်ခုအထိနာကျင်ခံစားရမည်ဖြစ်သော်လည်း တစ်နေ့တွင် သင် အမှန်တကယ် သက်သာသွားမည်သာ ဖြစ်သည်။ ထိုသို့ဖြစ်ပါက သင့်အတွက် ကျော်ဖြတ်သွားနိုင်ရန် အချိန်မည်မျှလိုမည်နည်း။ အဖြေမှာ လူတိုင်းအတွက် ခွဲခွာမှုတိုင်းအတွက် ကွဲပြားခြားနားလိမ့်မည်။

ဦးစွာ ခွဲခွာခြင်းအတွက် ၀မ်းနည်းရသည်မှာ ပုံမှန်ပင်ဖြစ်သည်။   သင်အသည်းကွဲနေသည့်အခါ သင့်အတွက် စိတ်သက်သာရာရစရာ တွေကို လုပ်နိုင်ပါတယ်။

  • အော်ငိုပစ်လိုက်နိုင်တယ်၊
  • အဆွေးသီးချင်းများ နားထောင်နိုင်တယ်။
  • သူငယ်ချင်းတွေနဲ့လျှောက်လည်ပစ်လိုက်နိုင်တယ်။
  • ခရီးတိုလေးတစ်ခုထွက်နိုင်တယ်။
  • ကိုယ့်ခံစားချက်တွေကို စာရွက်ပေါ်မှာ ချရေးပစ်လိုက်နိုင်တယ်။

သင့်ကို ဂရုစိုက်သူ၊ နားထောင်ပေးမည့်သူတစ်ဦးနှင့် ထိုအကြောင်း စကားပြောခြင်းမှာလည်း အကူအညီဖြစ်နိုင် သည်။ သင့်လိုအပ်ချိန်တွေတိုင်းမှာ မိဘတွေဟာသင့်အတွက် အမြဲအဆင်သင့်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ သူတို့မှာ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ သင့်အတွက်အကြံဉာဏ်ကောင်းတွေ ရှိနေနိုင်ပါတယ်။ စိတ်ဓာတ်ကျဆင်း နေဆဲဖြစ်ပါက နှစ်သိမ့်ဆွေးနွေးပေးသူတစ်ဦးနှင့် ပြောဆိုရန်စဉ်းစားပါ။ နှစ်သိမ့်ဆွေးနွေးပေးသူတစ်ဦး ရှာဖွေရန်လိုအပ်ပါက သင့်မိဘ၊ ဆရာဝန်၊ ကျောင်းမှ ဆရာကြီး၊ဆရာမကြီးတို့ကို မေးမြန်းပါ။