တစ်ခုထက်ပိုသော ရွေးချယ်စရာများရှိခဲ့လျှင် ဘယ်လိုဆုံးဖြတ်ရွေးချယ်မလဲ။

့ပြဿနာဖြေရှင်းခြင်း၊ မိမိကိုယ်ကို သိရှိခြင်း။

စဉ်းစားပြီးမှဆုံးဖြတ်ပါ

ဆုံးဖြတ်ချက်ချခြင်း ပြနာဖြေရှင်းခြင်း

ဆုံးဖြတ်ချက်ချခြင်းနှင့် ပြဿနာဖြေရှင်းခြင်းသည် အသင့်တော်ဆုံးနည်းလမ်းများကို ရွေးချယ်ဆုံးဖြတ်ရခြင်းဖြစ်၍ အခြေခံအားဖြင့် တူကြသည်။ သို့သော် ဆုံးဖြတ်ချက်ချခြင်းသည် အသင့်ရှိပြီးသော နည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်ဆုံးဖြတ်ခြင်းဖြစ်သည်။ ပြဿနာဖြေရှင်းခြင်းသည် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ပြီး ၄င်းနည်းလမ်းများထဲမှ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဖြေရှင်းခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်ချခြင်းအဆင့်များ

  • မိမိဆုံးဖြတ်ချက်ချရမည့် အခြေအနေကို ဖော်ထုတ်ပါ။ (မိမိကိုယ်တိုင်လုပ်ဆောင်နိုင်သော အခြေအနေဖြစ်ပါသလား။)
  • ရွေးချယ်ရမည့်နည်းလမ်းများကို ပြန်လည်စဉ်းစားပါ။ (အနည်းဆုံး နည်းလမ်း (၂)ခု သို့မဟုတ် (၃)ခု ရှိရပါမည်။)
  • နည်းလမ်းတစ်ခုစီ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်အကဲဖြတ်ပါ။
  • မိမိအတွက် အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်ပါ။ (အားသာချက်အများဆုံးနှင့် အားနည်းချက် အနည်းဆုံးဖြစ်စေသည့် နည်းလမ်းသည် အကောင်းဆုံးဖြစ်သည်။)
  • ဆုံးဖြတ်ချက်ကို ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲပါ။