ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သော တာဝန်

      ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာမြေကြီး၊ တိရစ္ဆာန်များနှင့် အခြားသူများတို့အပေါ် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သော တာဝန်များရှိသည်။ ဆိုလိုသည်မှာ ဂရုစိုက်ခြင်း၊ ချစ်ခင်ကြင်နာမှုပေးခြင်း၊ စောင့်ရှောက်ကာကွယ်မှု ပေးခြင်း၊ ကူညီခြင်း၊ အကျင့်သီလစောင့်တည်ခြင်း၊ ရှင်သန်၍ ရေရှည်တည်တံ့အောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ ထိုသူများသည် အခြားသူများအပေါ်  တရားမျှတစွာ ဆက်ဆံတတ်သည်။ ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တ၀ါ အားလုံးကို နားလည်လက်ခံ၍ တန်ဖိုးထားတတ်သည်။ (ဥပမာ- သစ်ပင်ပန်းပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန် များကို မှန်မှန်ကျွေးမွေးခြင်း။)