ကျွန်ုပ်၏ လိင်တံထိပ် အရေပြားတွင် ပြဿနာရှိပါသည်။

သင့်ကိုယ်သင် မည်သို့ စစ်ဆေးမည်နည်း။

ရောင်ရမ်းမှုနှင့် ရောဂါကူးစက်ခံထားရမှု လက္ခဏာများရှိ၊ မရှိ လိင်တံထိပ်နှင့် လိင်တံထိပ်ရှိ အရေပြားကို ကြည့်ပါ။

  • အေ၇ပြားရောင်ခြင်း
  • အရေပြားနီခြင်း (အသားဖြူသူများတွင်)
  • အရည်ကြည်/သွေး/ပြည်ကဲ့သို့သော အရည်များထွက်နေခြင်း

သင့်ထံတွင် ထိုလက္ခဏာများထဲမှ တစ်ခု သို့မဟုတ် ထို့ထက်ပို ရှိနေပါက ကျန်းမာရေးဝန်ထမ်းထံမှ အကြံဥာဏ်ရယူပါ။

ကျွန်ုပ်သည် လိင်တံထိပ်အရေပြားကို ရှေ့နောက်ဆွဲမရပါက လိင်ဆက်ဆံရာတွင် ပြနာ ရှိနိုင်ပါသလား။

လိင်တံထိပ်မှ အရေပြားသည် အလွယ်တကူ ဆွဲမရပါက လိင်ဆက်ဆံစဉ်တွင် မသက်မသာနာကျင်ခံစားရနိုင်ပါသည်။

လိင်မဆက်ဆံဘဲနှင့် အဘယ်ကြောင့် ထိုရောဂါ ကူးစက်ခံရပါသနည်း။

လိင်အင်္ဂါတွင်ဖြစ်သည့် အချို့ ကူးစက်ရောဂါများသည် လိင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး အချို့မှာမူ လိင်မှ ကူးစက်ခြင်း မဟုတ်ပါ။ သင့်ထံတွင် ဖြစ်နေသော ကူးစက်ရောဂါမှာ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါ ဖြစ်နိုင်ချေ မရှိပါ။လိင်တံထိပ်မှ အရေပြားသည် လိင်တံထိပ်တွင် ကပ်နေသဖြင့် ရောဂါရှိနေသည့် ပုံပေါ်ခြင်း ဖြစ်နိုင်ပါသည်။ အရေပြားကပ်နေရခြင်းမှာ အမာရွတ်ကြောင့်ဖြစ်နိုင်ပြီး ဆွဲဆန့်ခွာထုတ်ရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။