ဟော်မုန်း

ဟော်မုန်းများ

1.  ဟော်မုန်းပြာင်းလဲမှုများ

ဟော်မုန်းသည် အကျိတ် (ဂလင်း) များမှ ထုတ်လုပ်ပေးပြီး သွေးထဲမှတဆင့် လုပ်ငန်းဆောင်ရွက်ရမည့် နေရာများဆီသို့ လှည့်ပတ်သွားလာနေသော သတင်းပို့ ဓါတုပစ္စည်းများဖြစ်သည်။ ဟော်မုန်းတစ်မျိုးစီ တွင် သီးခြားလုပ်ငန်းတစ်မျိုးစီ ရှိသည်။

2.လိင်ဟော်မုန်းများ

သားဥအိမ်နှင့် ဝှေးစေ့တို့က လိင်ဟော်မုန်းများကို ထုတ်ပေးသည်။ လိင်ဟော်မုန်းကြောင့်  အပျိုလူပျိုဖော်ဝင်ချိန် ပြောင်းလဲမှုများဖြစ်ပေါ်စေသည်။ အမျိုးသားများတွင် တက်စတိုစတီရုန်းဟော်မုန်း နှင့် အမျိုသမီးများတွင်အီစတိုဂျင် နှင့် ပရိုဂျက်စထရုန်းဟော်မုန်းတို့ထုတ်ပေးသည်။

3.တက်စတိုစတီရုန်းဟော်မုန်း

လူပျိုဖော်ဝင်ချိန်တွင်  အသံပြောင်းလဲမှု (အသံသြလာခြင်း) ကိုလည်းဖြစ်စေသည်။ အမျိုးသမီးများနှင့် မိန်းကလေးများ၏ ခန္ဓာကိုယ်တွင်လည်း ကြွက်သားများနှင့် အရိုးများ သန်မာရန်အတွက် သားဥအိမ်မှ အနည်းငယ်ထုတ်လုပ်ပေးသည့် တက်စတိုစတီရုန်း ဟော်မုန်း ရှိသည်။ လူပျိုဖော်ဝင်ပြီးနောက် နေ့စဉ် သုတ်ပိုး ၂၀၀၀၀၀ မှ ၄၀၀၀၀၀ ခန့်ကို တစ်သက်တာလုံး ထုတ်လုပ်သည်။ သုတ်ပိုးများကို ဝှေးစေ့ရှိ ပြွန်များတွင် ထုတ်လုပ်ပြီး အချို့ပြွန်များ တစ်လျှောက် ရွေ့လျားသွားကာ အကျိတ်ဂလင်းများမှ အရည်များနှင့် ပေါင်းစပ်သည်။

4.အီစထြာဒိုင်ယော (အီစတြိုဂျင်) ဟော်မုန်း

မိန်းကလေးများတွင် အီစတြိုဂျင် ဟော်မုန်းသည်  သားဥအိမ်မှ ထုတ်လုပ်ပြီး ရင်သားများနှင့် မျိုးဆက်ပွားစနစ် ဖွံ့ဖြိုးစေရန် လှုံ့ဆော်ပေးပြီး  လစဉ် ရာသီလာစေရန်  ထိန်းညှိပေးသည်။

ယောက်ျားလေးနှင့် အမျိုးသားများ၏ ခနာကိုယ်တွင်လည်း အီစထြာဒိုင်ယော ဟော်မုန်းရှိသည်။ ဦးနှောက်နှင့် ဝှေးစေ့မှ အရိုးသိပ်သည်းမှုအတွက် အနည်းငယ်ထုတ်လုပ်ပေးသည်။