လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းထည့်ခြင်း (Implant)

ပရိုဂျက်စတင်ဟော်မုန်းပါဝင်သော မီးခြစ်ဆံချောင်းအရွယ်ရှိ ပလတ်စတစ်ချောင်းများ ဖြစ်ပါသည်။ လက်မောင်းအရေပြားအောက်သို့ ထည့်သွင်းထားပါက ကိုယ်ဝန်ရရှိခြင်းကို (၃)နှစ်မှ (၅) နှစ်အထိ ကာကွယ်နိုင်ပါသည်။ သားအိမ်လည်တံအတွင်းရှိ အချွဲကို စေးပျစ်စေခြင်း၊ သားဥအိမ်မှသားဥမကြွေစေရန် ဟန့်တားခြင်းဖြင့် ကိုယ်ဝန်ရရှိခြင်းမှ ကာကွယ်ပေးပါသည်။  

အသုံးပြုပုံ

  • ဆရာဝန်နှင့်တိုင်ပင်ပြီး၊ ဆေးရုံဆေးခန်းတွင် ဆရာဝန်က ထည့်ပေး၊ ထုတ်ပေးရသည်။
  • မွေးပြီး(၆)ပတ်အတွင်းမိခင်များ ထည့်သွင်းလိုပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ကောင်းကျိုးများ

  • အာနိသင်ကောင်းသော ရေရှည်သားဆက်ခြားနည်းလမ်း ဖြစ်သည်။
  • ၉၉.၂% ထိရောက်သည်။
  • သားဆက်ခြားပစ္စည်းထုတ်ပြီး ကိုယ်ဝန်ပြန်ရနိုင်ပါသည်။ အချိန်အနည်းငယ်သာ စောင့်ရတတ်ပါသည်။

မကောင်းကျိုးများ

  • ထည့်သည်နေရာတွင် နာကျင်မှုနှင့် အနာရွတ်တို့ ဖြစ်နိုင်သည်။
  • ပုံမမှန်သော သွေးဆင်းခြင်း(နည်းနည်းချင်းစီ၊ စွန်းထင်းရုံ၊ ရက်ကြာရှည်စွာဆင်းခြင်း၊ လုံးဝမဆင်းတော့ခြင်း) ဖြစ်နိုင်သည်။ အန္တရာယ်မရှိပါ။
  • ကိုယ်အလေးချိန်တိုးခြင်း၊ ရင်သားတင်းမာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးမော်ခြင်း၊ ပျို့ခြင်းတို့ဖြစ်တတ်သည်။