လိင်မှုကိစ္စအကြောင်း မည်သို့ ပြောဆိုမည်နည်း

အများအားဖြင့် မိန်းကလေး သို့မဟုတ် ယောက်ျားလေး မိတ်ဆွေနှင့် လိင်ဆက်ဆံခြင်းအကြောင်း ပြောဆိုသည်အခါတွင် နှစ်ဦးစလုံး သက်တောင့်သက်သာရှိပြီး ရှင်းလင်းစွာ စဉ်းစားနိုင်သည့်အချိန်တွင် ပြောဆိုသင့်သည်။ နှစ်ဦးသဘောတူ ဆက်ဆံရာတွင် တစ်ဦးနှင့် တစ်ဦး နားလည်မှုနှင့် လေးစားမှုရှိရန် လိုအပ်ပါသည်။
သင့်အနေနှင့် တဖက်သား၏နာကျင်မှုကိုစိုးရိမ်ပါက ညင်သာစွာ ဆက်ဆံပါ။  တဖက်သား၏ဆန္ဒကိုသင် လေးစားသင့်သလို တဖက်သားမှလည်း သင့်ဆန္ဒကို လေးစားသင့်သည်။

အကယ်၍ သင်လိင်ဆက်ဆံရန်ဆန္ဒမရှိပါက မည်သည့်အခါမျှ လိင်ဆက်ဆံခြင်း မပြုပါနှင့်။ သင်ငြင်းဆန်သော်လည်း တဖက်သားမှ မလိုက်လျှောပါက ရှောင်ထွက်ရန်/ခုခံရန်ကြိုးစားပါ။ သမရိုးကျ မပာုတ်သော လိင်ဆက်ဆံမှုများကို တောင်းဆိုလာပါက လက်မခံနိုင် လျှင် အဆင်ပြေစွာ ငြင်းဆိုသင့်သည်။ အလိုမတူပဲ လိင်ဆက်ဆံခြင်း သည် ရာဇဝတ်မှု / မုဒိန်းမှုမြောက်ပါသည်။