လူမှုဝန်းကျင်နှင့် သက်ဆိုင်သောတာဝန်

   လူတိုင်းသည် မိမိနေထိုင်ရာရပ်ရွာ၏ အဖွဲ့အစည်းဝင်တစ်ဦးဖြစ်သည်။ မိမိအား အခြားသူများက ဆက်ဆံစေချင်သကဲ့သို့ အခြားသူများအပေါ် ဆက်ဆံပေးရမည်။ မိမိတို့ရပ်ရွာအတွင်းလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်၍ ဆုံးဖြတ်မှုများ ပေးနိုင်သည်။ (ဥပမာ - လမ်းပြင်၊ ခြုံရှင်း၊ အမှိုက်သိမ်း။)