ကျား၊မရေးရာ ခေါက်ရိုးကျိုးသည့်အယူအဆများမှ မည်သို့ ဖောက်ထွက်နိုင်မည်နည်း။

ကျား၊မရေးရာ ခေါက်ရိုးကျိုးသည့်အယူအဆများမှ မည်သို့ ဖောက်ထွက်နိုင်မည်နည်း။

  • ခိုင်မာစွာရပ်တည်ပြောဆိုပါ
  • စမ်းလုပ်ကြည့်ပါ
  • ဖွင့်ထုတ်ပြပါ

             ကျား၊မရေးရာ ခေါက်ရိုးကျိုးသည့်အယူအဆများကြောင့် ထိခိုက်နစ်နာမှုများရှိပါသည်။ သို့ဖြစ်၍ မဂ္ဂဇင်း၊ တီဗီ၊ ရုပ်ရှင်နှင့် အင်တာနက်များတွင် မှားယွင်းသော အပြုအမူသရုပ်ဆောင်မှုများ အားထောက်ပြ အကြံပြုရပါမည်။လူမှုအဖွဲ့အစည်းမှ သတ်မှတ်သော ကျား၊မရေးရာ အယူအဆများနှင့် မျှော်လင့်ချက်များ မည်သို့ပင်ရှိပါစေ လူများသည် မိမိတို့၏စစ်မှန်သော အရည်အသွေးများအား ဘေးကင်းလုံခြုံစွာ ထုတ်ဖော်ပြသနိုင်သော နေရာ၊ အခွင့်အလမ်းကို ဖန်တီးပေးရမည်။ 

  • ခိုင်မာစွာရပ်တည်ပြောဆိုပါ - တစ်စုံတစ်ယောက်မှ ကျားမခွဲခြားသော ဟာသများနှင့် မှတ်ချက်များအား အွန်လိုင်းတွင်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပြောကြားနေပါက ထိုသူအားစောဒကတက်ရပါမည်။ သို့သော် စိန်ခေါ်ခြင်းနှင့် အတိုက်အခံပြုခြင်းများမပြုဘဲ  လူမှုအသိုင်းအဝိုင်းတွင် ထိုအဖြစ်အပျက်များ မလွဲမသွေ ကြုံရပါမည်ဖြစ်ကြောင်း ရပ်တည်ပြောဆိုပါ။
  • စမ်းလုပ်ကြည့်ပါ - သင်သည် အမျိုးသမီးတစ်ယောက် ဖြစ်နေသော်လည်း ပြုတ်နေသောစင်ကို သံရိုက်နိုင်သည်။ မီးစက်ထဲသို့ ဆီလဲထည့်နိုင်သည်။ သို့မဟုတ် သင့်ကားကို ရေဆေးနိုင်ပါသည်။ စလုပ်ကြည့်ပါ။ သင်သည် အမျိုးသား တစ်ဦးဖြစ်နေသော်လည်း အဝတ်လျှော်၊ ချက်ပြုတ်၊ ဈေးသွားခြင်းများကို စမ်းလုပ်ကြည့်နိုင်သည်။ သင့်အနေဖြင့် အနည်းငယ် အနေခက်ကောင်းခက်နိုင်ပြီး ပတ်ဝန်းကျင်မှ ဝေဖန်ပြောဆိုမှု (သို့မဟုတ်) လှောင်ပြောင်မှုများလည်း ခံရနိုင်ပါသည်။ ထိုသို့ ဝေဖန်နောက်ပြောင်လာလျှင် ၎င်းတို့နှင့် ကျားမလူမှုကဏ္ဍများအကြောင်း ဆွေးနွေးပြောဆိုရန် အခွင့်အရေးပင် ဖြစ်သည်။
  • ဖွင့်ထုတ်ပြပါ - သင်၏ ခံစားချက်များကို ပြောပြပါ။ မျှဝေပါ။ မျိုသိပ်မထားပါနှင့်။ ရဲရဲဝံ့ဝံ့  ပြောပါ။ မိတ်ဆွေသူငယ်ချင်း၊ ဆရာသမား၊ နှစ်သိမ့်ဆွေးနွေးပေးသူ၊ မိသားစု၊ မိဘများနှင့် စကားပြောပါ။ သင် အလွန်စိတ်မကောင်းဖြစ်နေပါက သို့မဟုတ် စိတ်ဓာတ်ကျနေပါက အလွန်အကျွံ လျှောက်တွေး နိုင်ပါသည်။ သင့်အား ကျန်းမာရေးစောင့်ရှောက်ပေးနေသူကို ဖွင့်ဟပြောပြပါ။