AIDS ဆိုတာဘာလဲ

“AIDS”ဆိုသည်မှာ Acquired Immunodeficiency Syndrome (ခုခံအားကျဆင်းမှုရောဂါ)ကို ကိုယ်စားပြုသော အတိုကောက် စကားလုံး ဖြစ်ပါသည်။ ယင်း၏အဓိပ္ပါယ်ကို နားလည်ရန်အတွက် စာလုံးတစ်လုံးချင်းစီ ကိုကြည့်ပါ။

  • A– Acquired (ကူးစက်ရရှိသော) –သင်သည် အခြားသော ဗိုင်းရပ်စ်ပိုးများကဲ့သို့ပင် ထိုရောဂါပိုးအား ကူးစက်ခံရခြင်း ဖြစ်ပါသည်။ HIV ပိုးရှိသော မိခင်ထံမှ ကူးစက်ခံရခြင်း မဟုတ်ပါက မွေးရာပါရောဂါ မဟုတ်ပါ။
  • I– Immune(ကိုယ်ခံအား) –သင့်ခန္ဓာ၏ကိုယ်ခံအားစနစ်တွင် ကူးစက်မှုများ (သို့မဟုတ်) ရောဂါများအား တိုက်ထုတ်ပေးသည့် အင်္ဂါများနှင့် ဆဲလ်များ ပါဝင်ပါသည်။
  • D – Deficiency (လျှော့နည်းကျဆင်းမှု) –သင်၏ ကိုယ်ခံအားစနစ်သည် “လျော့နည်းကျဆင်းသောအခါ” (သို့မဟုတ်) ကောင်းစွာအလုပ်မလုပ်တော့သောအခါ AIDS ရောဂါဖြစ်လာပါသည်။

S– Syndrome(ရောဂါလက္ခဏာစု)–ရောဂါလက္ခဏာစုဆိုသည်မှာ များပြားလှသော ရောဂါလက္ခဏာအမျိုးမျိုးကို ရည်ညွှန်းပါသည်။ AIDS သည် နောက်ဆက်တွဲဆိုးကျိုးနှင့် လက္ခဏာအမျိုးမျိုး များပြားစုံလင်လှသည့် ရှုပ်ထွေးသော နာမကျန်းဖြစ်မှု တစ်ခု ဖြစ်သည့်အတွက် ရောဂါတစ်မျိုးဆိုသည်ထက် ရောဂါလက္ခဏာ အမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြနေသည့် ရောဂါ လက္ခဏာစုဖြစ်ပါသည်။