မိမိကိုယ်ကိုသိရှိခြင်း၊ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း။
ပဋိပက္ခများဖြေရှင်းခြင်း
(၁) တစ်ဖက်လူ၏ပြောကြားချက်ကို နားထောင်ပါ။
(၂) တစ်ဖက်သူများ၏ ထင်မြင်ချက်ကို အသိအမှတ်ပြုပါ။
ဥပမာ - သူဘာကိုလိုချင်တယ် သို့မဟုတ် သူဘာမဖြစ်ချင်ဘူး။
(၃) သင်၏ခံစားချက်များကို အခြေအနေနှင့်သင့်လျော်စွာ အခိုင်အမာပြောပါ။
ဥပမာ - ဘာလိုချင်တယ်၊ ဘာမဖြစ်ချင်ဘူး။
(၄) ညှိနှိုင်း၍ပြေလည်ရန် ဆန္ဒရှိကြောင်းပြသပါ။
(၅) နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဖြေရှင်းခြင်းကို ရောက်အောင် ကြိုးစားပါ။
(၆) ပူးပေါင်းလုပ်ဆောင်သည့်အတွက် အခြားသူကို ကျေးဇူးတင်ကြောင်းပြောပါ။