ချင်းပြည်နယ်

ကျေးလက်ကျန်းမာရေးဌာနများနှင့် ၀န်ဆောင်မှုများ (Services provided by Rural Health Centers)

မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစံနစ်တွင် ကျေးလက်ကျန်းမာရေးဌာနများသည် အခြေခံကျပြီး အရေးကြီးသောအခန်းကဏ္ဍတွင် ရှိနေသည်။ မိမိတို့နေထိုင်ရာ ကျေးရွာအနီးတ၀ိုက် ကျေးလက်ကျန်းမာရေးဌာနများတွင် အောက်ပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပါအ၀င် အခြားအခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။

  • လုံခြုံစိတ်ချ မိခင်ဘ၀ရရှိစေရန်လုပ်ငန်းများ (ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် မီးဖွားပြီးချိန်စောင့်ရှောက်မှုများ)
  • ကာလသားရောဂါနှင့် မျိုးပွားလမ်းကြောင်းပိုးဝင်ခြင်းများအားကုသပေးခြင်း
  • မိခင်မှကလေးသို့ HIV ရောဂါပိုးကူးစက်ခြင်းမှကာကွယ်ခြင်းလုပ်ငန်းများ
  • သန္ဓေတားဆေးဝါးနှင့် ၀န်ဆောင်မှုများဆောင်ရွက်ပေးခြင်း
  • သားပျက်သားလျှောပြီးနောက်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခြင်း

ကျန်းမာရေးမှူးအပါအ၀င် အခြေခံကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများက လူငယ်လူငယ်များအပါဝင် ကျေးရွာနေပြည်သူများအတွက် အထက်ပါလုပ်ငန်းများကို အခမဲပြုစုစောင့်ရှောက်ပေးလျှက်ရှိပါသည်။ 

 

Alliance Myanmar နှင့် လက်တွဲအကောင်အထည်ဖော်နေသော မိတ်ဖတ် အဖွဲ့အစည်းများ

အောက်တွင် ဖော်ပြထားသော အဖွဲ့များ မှ လက်ရှိ ဆောင်ရွက်နေ သော စီမံကိန်းအလိုက် ၀န်ဆောင်မှုများ ရရှိ နိုင်မည်ဖြစ်ပါသည်။

ရယူနိုင်သော ၀န်ဆောင်မှုများ ( Link Up project )

၁. လူငယ်များ၏ မျိုးဆက်ပွားကျန်းမာရေး ကိစ္စများအတွက် ထောက်ပံ့ခြင်း

၂.ဘ၀တူပညာပေးသူများမှ ကွင်းဆင်းကျန်းမာရေးပညာပေးခြင်းများ

၃. လူငယ်များကို မျိုးဆက်ပွားကျန်းမာရေးအသိပညာများနှင့် ပက်သက်သော သင်တန်းများ ပေးခြင်း

၎.ကွန်ဒုံးနှင့် ချောဆီများ အခမဲ့ပေးခြင်း

၅.HIV ရောဂါပိုးအတွက် ကြိုတင်အသိပေးဆွေးနွေးခြင်းနှင့် အခမဲ့သွေးစစ်ပေးခြင်း

၆.လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို အခမဲ့ စစ်ဆေးပေးခြင်း

ရယူနိုင်သော ၀န်ဆောင်မှုများ (Global fund project)

၁. HIV/AIDS နှင့်ပတ်သက်သော ကျန်းမာရေး ဗဟုသုတများကို အိမ်တိုင်ရာရောက် ပညာပေးခြင်း

၂. ART ဆေးစသောက်သောသူများအတွက် အာဟာရစားစရာများ ထောက်ပံ့ ခြင်း

၃. HIV ပိုးရှိသူများအတွက် ဆေးရုံတက်စရိတ် ထောက်ပံ့ခြင်း

၎. ဆေးစစ်ရန်အတွက် လမ်းစရိတ် ထောက်ပံ့ ခြင်း

၅.ထိခိုက်လွယ် ကလေးငယ်များကို ကျောင်းသုံး ပစ္စည်း များထောက်ပံ့ ပေးခြင်း

၆.အပြုသဘောဆောင် နေ ထိုင်ခြင်း workshop များ ပြုလုပ်ခြင်း

၇. World AIDS day နှင့် Candle light နေ့များတွင် အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်း

 

မာရီစတုပ်(စ်) အင်တာနေရှင်နယ်မြန်မာ

ရရှိနိုင်သော ၀န်ဆောင်မှုများ

ဝန်ဆောင်မှုများ သည် ဆောင်ရွက်နေသော အဖွဲ့၏ စီမံချက်အလိုက် အနည်းငယ်ကွဲပြား နိုင်ပါသည်။

၁။ ကိုယ်ဝန်ဆောင်စောင့် ရှောက်မှု၊ မွေးကင်းစ နှင့် ကလေးစောင့်ရှောက်မှု

၂။ သားဆက်ခြား ၀န်ဆောင်မှု

(က)သားဆက်ခြား သောက်ဆေး

(ခ) အရေးပေါ်သားဆက်ခြား သောက်ဆေး

(ဂ) သားဆက်ခြား ထိုးဆေး

(ဃ)ကွန်ဒုံး

(င) သားဆက်ခြား သားအိမ်တွင်းထည့်ပစ္စည်း

(စ) သားဆက်ခြား လက်မောင်းအရေပြားအောက်ထည့်ပစ္စည်း

၃။ကာလသားရောဂါများကာကွယ်ကုသခြင်း

၎။မျိုးပွားလမ်းကြောင်း ပိုးဝင်မှုများကုသခြင်း

၅။သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ ရှိမရှိ စစ်ဆေးပေးခြင်း

၆။နှစ်သိမ့်ဆွေးနွေးခြင်း နှင့် HIV ပိုးရှိမရှိ သွေးစစ်ပေးခြင်း

၇။သီးသန့်အုပ်စုများအတွင်း HIV ပိုးကူးစက်ပြန့်ပွားမှု ကာကွယ်ခြင်း

၈။လူငယ်များအတွက် မျိုးဆက်ပွားကျန်းမာရေး ပညာပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်း

၉။စိတ်ဓါတ်ပိုင်း၊ လူမှုရေးပိုင်းပံ့ပိုးကူညီမှုပေးခြင်း

၁၀။အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးလုပ်ငန်းများ

၁၁။စိတ်လူမှုပံ့ပိုးကူညီရန် နှစ်သိမ့် ဆွေးနွေးခြင်း

မာရီစတုပ်(စ်) အင်တာနေရှင်နယ်မြန်မာ

ဝန်ဆောင်မှုပေးသော နေရာများ  

တီးတိန် (3MDG Private)
အမှတ်(စ/၅၆)၊ ကမ်းဟောက်လမ်း၊ စကောရပ်ကွက်၊ တီးတိန်မြို့၊ချင်းပြည်နယ်။
၀၉၃၆၀၄၆၇၈၇

ထန်တလန်(3MDG Private)
အမှတ်(၁၀၄)၊ ဗိုလ်ချုပ်လမ်း၊ အမှတ် ၃ ရပ်ကွက်၊ ထန်တလန်မြို့၊ ချင်းပြည်နယ်။
၀၉၅၃၂၀၉၄၂ ၊၀၇၀၆၀၂၀၄

ဖလမ်း(3MDG Private)
အမှတ်(၇၁)၊ ဗိုလ်ချုပ်လမ်း၊ ကျင်မွာလ် ၁ ရပ်ကွက်၊ ဖလမ်းမြို့။ချင်းပြည်နယ်။
၀၉-၂၀၅၂၁၃၂

ဟားခါး(3MDG Private)
အမှတ်(၂၈၄)၊ ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာရပ်ကွက်၊ ဟားခါးမြို့၊ချင်းပြည်နယ်။
၀၉ - ၄၂၀၀၅၅၇၃၁

မင်းတပ်  (3MDG Private)
အမှတ် ၂၁၆၊ ဦးဝမ္မတူမောင်လမ်း၊ ဘ၀သစ် ကွက်၊ မင်းတပ်မြို့၊ ချင်းပြည်နယ်။
၀၉၂၅၉၂၅၅၁၅၊ ၀၉၃၁၄၃၆၀၀၀