အချစ်ရဲ့အဓိပ္ပာယ်အမျိုးမျိုး

      သင်သည်သင်နှစ်သက်ရွေးချယ်သည့်သူ (သို့မဟုတ်) သူမနှင့်တစ်ဉီးကိုတစ်ဉီး အချိန်အတော်ကြာ နီးစပ်တဲ့ မိတ်ဆွေအဖြစ်ရှိနေနိုင်ပါသည်။

  • ရုတ်တစ်ရက် သင်သည်ခံစားမှုအသစ်ဝင်လာနိုင်သလို သင်၏ခံစားချက်နှင့်ပတ်သက်၍ လည်း '' မိတ်ဆွေလား၊ ချစ်မိနေခြင်းလား''ဟု သံသယဝင်စရာ ဖြစ်လာနိုင်ပါသည်။
  • ထိုသို့စိတ်ခံစားမှုဖြစ် ပေါ်လာပါက သင်နှင့်သင့်သူငယ်ချင်းတို့ တစ်ဉီးအပေါ်တစ်ဉီး အမှန်တကယ်သဘောထား မည်သို့ရှိသည်ကို နက်နဲစွာ စဉ်းစား၍ဖော်ထုတ်ကြည့်ရန် အချိန်ပင် ဖြစ်ပါသည်။
  • သင်သူငယ်ချင်းတယောက်သည် အခြားသူငယ်ချင်းမိတ်ဆွေနှင့် ခင်မင်ရင်းနှီးစွာဖြင့် တွဲသွားပါကလည်း သင့် အတွက် ဝမ်းမြောက်စရာပင် ဖြစ်သည်။
  • ထိုသူ့အနားတွင်အချိန်တိုင်း ၁၀၀ % သက်တောင့်သက်သာရှိနေနိုင်မည်ဖြစ်ပါသည်။
  • ယင်းသို့ဖြစ်ပါက သင်တို့သည် သူငယ်ချင်းများသာ ဖြစ်ပေလိမ့်မည်။

      သင်ချစ်မိနေပါက သင့်သူငယ်ချင်း၏ အရေးကြီးသူအားလုံးကို အကြောင်းမရှိဘဲ မလိုလားသည့်ခံစားမှုမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။

  • သင့်သူငယ်ချင်းသည် အလွန်ရူးမိုက်ခြင်း၊ ရုပ်ဆိုးခြင်း၊ ထောင်လွှားခြင်း၊ စော်ကားမော်ကား နိုင်ခြင်း၊ ကရော်ကမယ်နိုင်ခြင်း၊ မိတ်ဆွေကောင်းမဖြစ်နိုင်ခြင်းတို့ကို မနှစ်သက်မှန်းသင်သိသော်လည်း ဝန်တိုမှုဖြစ်နေ ပါက သင် ချစ်မိနေခြင်းဖြစ်နိုင်ပါသည်။
  • သင်သည် သင့်သူငယ်ချင်းကို အမှန်ပင်စတင်နှစ်သက်လာပါက ပုံမှန်စကားပြောနေစဉ်တွင် ရုတ်တရက် စကား ထစ်ခြင်း၊ သူ့ကိုတစ်နေရာတွင်တွေ့လိုက်ရပါက ပုံမှန်နှင့်မတူဘဲ စိတ်လှုပ်ရှားလွန်းနေ၍ ဘာပြောရမှန်းမသိ ဖြစ်ခြင်း၊ ရက်အနည်းငယ်မျက်ခြေပြတ်နေပါက ညအိပ်မပျော် ဖြစ်ခြင်း၊ သူဘာလုပ်မည်ကို သိလိုခြင်း
  • သင်သည်နာရီအနည်းငယ်ထက်ပို၍ သူ့အကြောင်းမတွေးဘဲ မနေနိုင်ခြင်း၊ မနေ့က (သို့မဟုတ်) နေ့တစ်နေ့၏ အစောပိုင်းတွင် တွေ့ပြီးသည့်တိုင် နောက်တစ်ကြိမ်တွေ့လျင် ဘာပြောမည်၊ ဘာလုပ်မည်၊ သူအခုဘာလုပ်နေမည် တို့ကို စဉ်းစားနေတတ်သည်။ မမြင်ရ၊ မတွေ့ရဘဲ မနေနိုင် ဖြစ်နေပေလိမ့်မည်။
  •  သင်ချစ်မိနေပါက ရံဖန်ရံခါလိုအပ်သည်ထက်ပို၍ ရန်ဖြစ်စိတ်ကောက်တတ်သည်၊ စိတ်လှုပ်ရှား လွယ်လာသည်၊ ဝမ်းနည်း၍ မျက်ရည်များစွာကျတတ်သည်၊ ငြင်းခုန်ရန်ဖြစ်စဉ် အမည်တပ်ခေါ်ဝေါ်ခြင်းနှင့် အခန်းထဲမှ စိတ်ဆိုး ထွက်သွားခြင်းဖြစ်ပါက အချစ်နတ်ဖမ်းစားနေပြီဖြစ်သည်။
  •  သင်ချစ်မိနေပါက သူ့ကိုအလွန်အမင်းကာကွယ်ပေးနေလိမ့်မည်။ သင်သည်အစ်ကိုကြီး (သို့မဟုတ်) အစ်မကြီး တစ်ဉီးမှ ညီငယ်၊ ညီမငယ်များကို စောင့်ရှောက်ခြင်းကဲ့သို့ ပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ သူ (သို့မဟုတ်) သူမ ဘာလုပ်လုပ် ကာကွယ်ပေးနေလိုစိတ်ရှိနေခြင်းမှာ သင်အမှန်ပင် ချစ်မိနေခြင်း ဖြစ်ပေလိမ့်မည်။