ကိုယ်ဝန်ရလာခဲ့လျှင် ဘယ်လိုဆက်လုပ်ရမလဲ။

အသက် ၁၈နှစ်မတိုင်ခင် ကိုယ်ဝန်မဆောင်သင့်ပါ။ လက်မထပ် ရသေးပါက မိဘနှင့်ဖွင့်ပြောတိုင်ပင်ပြီး အမြန်ဆုံး လက်ထပ်ပါ။ ကာယကံရှင်နှစ်ဦးစလုံးတွင် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဥပဒေအရ တားမြစ်ထားပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မျိုးပွားအင်္ဂါရပ်တွင် ဒါဏ်ရာရရှိခြင်း၊ ပိုးဝင်ခြင်း၊ မျိုးဆက်ပွားကျန်းမာရေး ချို့တဲ့မှုများ တသက်လုံး ခံစားသွားရနိုင်ပါသည်။ အသက်    အန္တရာယ်ဖြစ်စေနိုင်ပါသည်။မိဘသဘောမတူပါက ကာယကံရှင်နှစ်ဦးစလုံး တာဝန်ယူ၍ ဖြေရှင်းရပါမည်။

ဆယ်ကျော်သက်လူငယ်တစ်ဦးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများအရ ကိုယ်ဝန် ဆောင်နိုင်သည်ဆိုသော်လည်း စိတ်ပိုင်းဆိုင်ရာ၊အသိဉာဏ်ဗဟုသုတ၊ အတွေ့အကြုံရင့်ကျက်မှုများအရ ကိုယ်ဝန်ုကိုတာဝန်ယူစောင့်ရှောက်ရန် အဆင်သင့်မဖြစ် နိုင်သေးပေ။

အိမ်ထောင်မပြုမီလိင်ဆက်ဆံခြင်းကြောင့်လည်းကောင်း၊ အရွယ်မတိုင်မီ အိမ်ထောင်ပြုခဲ့ခြင်းကြောင့်လည်းကောင်း ကိုယ်ဝန်ရရှိလာခဲ့လျှင်ကာယကံရှင်ကိုယ်တိုင် ရှုထောင့်ပေါင်းစုံမှ လူမှုဒုက္ခပေါင်းစုံခံစားရနိုင်ပါသည်။ ထို့အပြင် မိဘအသိုင်းအဝိုင်း အနေဖြင့်လည်း ပတ်ဝန်းကျင်မှ ပစ်ပယ်ကဲ့ရဲ့ခြင်းကို ခံရနိုင်ပါတယ်။ မလိုချင်တဲ့အတွက်ကြောင့် ကိုယ်ဝန်ကိုဖျက်ချခဲ့လျှင်လည်း အသက်သေဆုံးသည်အထိအဆိုးရွားဆုံးခံစားရနိုင်ပါတယ်။သို့ဖြစ်၍ဆယ်ကျော်သက်လူငယ်များအနေဖြင့်အရွယ်မတိုင်မီကိုယ်ဝန်ဆောင်ခြငး၏ နောက်ဆက်တွဲဆိုးကျိုးများမခံစားရစေရန်အထူးသတိပြု ရှောင်ကြဉ်သင့်ပါတယ်။