လိင်လှုံ့ဆော်မှု ရုပ်ပုံ၊ ပြကွက်များ

လိင်စိတ်ကို လှုံ့ဆော်ပေးသော ရုပ်ပုံ၊ ပြကွက်များမှာ နေရာ တကာတွင် ရှိနေပါသည်။ ထိုရုပ်ပုံ၊ ပြကွက်များမှာ လိင်စိတ်နှိုးဆွ ပေးနိုင်ေ သော်လည်း အစစ်အမှန်များ မဟုတ်ကြပါ။  သရုပ်ဆောင်ကြသူများ၏ ခန္ဓာကိုယ် များနှင့်လိင်အင်္ဂါများသည် လူအများစုနှင့် တူညီနိုင်မည် မဟုတ်ပေ။

ပုံမှန်မဟုတ်သောလိင်ဆက်ဆံခြင်းနည်းများကိုဖော်ပြထားတတ်သည်။  အန္တရာယ်မကင်းသော အရာမျိုးစုံကိုလည်းဆောင်ရွက်ပြသတတ်သည်။ (ဥပမာ - စအိုအသုံးပြု၍ လိင် ဆက်ဆံခြင်း၊  ပါးစပ် အသုံးပြု၍ လိင်ဆက်ဆံခြင်း၊ သို့မဟုတ် သုက်ရည်များကို ပါးစပ်နှင့် မျက်နှာပေါ်သို့ စွန့်ထုတ်ခြင်း)

ထိုရုပ်ပုံ၊ ပြကွက်များသည် လိင်ဆက်ဆံဖက်များစွာနှင့် ကွန်ဒုံးမသုံးသော လိင်ဆက်ဆံမှုမျိုးကို ဆောင်ရွက်ပြသတတ် သည်။ ထို သရုပ်ဆောင်များမှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ များ ရရှိတတ်သည်။ သရုပ်ဆောင် အများစုမှာ အလုပ်သဘောအရ ဟန်ဆောင်နေကြရသည်။

သင် ထိုရုပ်ပုံ၊ ပြကွက်များကို ကြည့်ပါက သင်အနေနှင့် လူတိုင်း လူတိုင်း မှာ အချိန်ပြည့် လိင်ဆက်ဆံရန် ဆန္ဒရှိနေကြသည်ဟု ထင်မြင်ရ ဖွယ်ရှိသည်။

အချို့ ရုပ်ပုံ၊ ပြကွက်များက လိင်ကိစ္စဆိုသည်မှာ မည်သူနှင့်မဆို လိင်ဆက်ဆံနိုင်သည့်အနေဖြင့် ဖေါ်ပြကြသည်။ အမှန်မှာ ဤသို့ မဟုတ်ချေ။ မြန်မာလူမျိုများ အတွက် မိမိ၏အိမ်ထောင်ဖက်နှင့်သာလိင်ဆက်ဆံသင့်သည်။