မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေတတ်သောဆေးဝါး (Drug)များ ဆိုင်ရာ သတင်းအချက်အလက်များ

မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေတတ်သောဆေးဝါးများမှာ ဓါတုပစ္စည်းများဖြစ်၍ ခန္ဓာကိုယ်နှင့် ဦးနှောက်၏ ပုံမှန်လုပ်ငန်းများကို ထိခိုက်စေသောကြောင့် ၄င်းတို့ကို တရားမဝင်ဆေးဝါးများ အဖြစ် တားမြစ်ထားပါသည်။မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေတတ်သောမူးယစ်ဆေးဝါးများတွင် ဘိန်းနှင့် ဟီရိုးအင်း(ဘိန်းဖြူ)၊ စိတ်ကြွ‌ဆေးများ၊ ဆေးခြောက်နှင့်  ကိုကင်းစသည်တို့ ပါဝင်ပြီး ၄င်းတို့ကို အရပ်ထဲတွင် အမည်မျိုးစုံဖြင့် ခေါ်ဆိုကြသည်။ ထိုဆေးများကို လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းတို့သည် ရာဇ၀တ်မှုမြောက်ပါသည်။ ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းနှင့် အရက်တို့ကို မူးယစ်ဆေးဝါးဟု မခေါ်သော်လည်း ကျန်းမာရေးကို ထိခိုက်စေသည့် တရားဝင်ဆေးဝါများဖြစ်ပါသည်။