အမျိုးသမီးများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး

မိန်းမကိုယ်အတွင်းသားသည် သူ့ အလိုလိုသန့်ရှင်းနိုင်သဖြင့် အပြင်ပိုင်းလိင်အင်္ဂါများကိုသာ သန့်ရှင်းအောင်ပိုမို ဂရုစိုက်သင့်သည်။

  • မိန်းမကိုယ်အတွင်းသို့ ဆေးကြောရာတွင် နူးညံ့သော အရေပြားကို ထိခိုက်နိုင်သဖြင့် ဂရုပြုပါ။

ရာသီသွေးပေါ်ချိန် - သင်အစဉ်အမြဲ လုပ်နေကျအတိုင်း လိင်အင်္ဂါ တစ်ဝိုက်အပါအဝင် သင့်ခန္ဓာကိုယ်အား သန့်စင် ဆေးကြောပါ။ အမျိုးသမီးသုံးပစ္စည်းများ (ဂွမ်းထုပ်များ) အား အနည်းဆုံး တစ်နေ့ လေးကြိမ်မှ ငါးကြိမ် မှန်မှန် လဲလှယ်ပါ။  ဂွမ်းထုပ် တစ်ထုပ်အား မကိုင်မီနှင့် ကိုင်ပြီးနောက်တွင် လက်များကို အမြဲဆေးပါ။