ကျန်းမာရေး အန္တရာယ်

ဆေးရွက်ကြီးကို ရေရှည် သုံးစွဲမှုသည် ခန္ဓာကိုယ်ထဲရှိ အစိတ်အပိုင်းအားလုံးကို ထိခိုက်စေပြီး ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်ရောဂါ နှင့် နှလုံးရောဂါတို့ကို ဖြစ်လွယ်စေသည်။ အများဆုံးဖြစ်သော ရောဂါများမှာ အဆုတ်ကင်ဆာ၊ လေပြွန် ရောင်ခြင်း အဆုတ်ရောင်ခြင်းနှင့် လေဖြတ် ခြင်း တို့ဖြစ်သည်။