သက်ရောက်မှု

ကွမ်းစားခြင်းကြောင့် စိတ်ကို ခဏတာနိုးကြားစေပြီး စိတ်တင်းကျပ်မှုကို လျော့စေသည်။ လန်းဆန်းတက်ကြွ စေသည်။ နေထိုင်ကောင်းသလို ခံစားရစေသည်။ ပင်ပန်းခံနိုင်သည်။ ဆေးရွက်ကြီးနှင့် ကဖင်းသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ခံစားမှုများနှင့် ဆင်တူသည်။