စိတ်ကျဆေးများ

စိတ်ကျဆေး (စိတ်ငြိမ်ဆေး အိပ်ဆေး)

စိတ်ကျဆေး သို့မဟုတ် စိတ်ငြိမ်ဆေးများသည် ဦးနှောက် နှင့် အာရုံကြောမကြီး၏ ပုံမှန်လုပ်ငန်း များကို နှေးကွေးစေသည်။ ဆရာဝန်များသည် စိတ်လှုပ်ရှား၍ မအိပ်နိုင်သူများအား သောက်သုံးရန်ညွှန်ကြား ပေးးတတ်သည်။ ဆရာဝန် ညွှန်ကြားသည့် အတိုင်းသောက်ပါက သာမန်အားဖြင့် စိတ်ချရ၍ အကူအညီ ဖြစ်စေသည်။ သို့သော် ညွှန်ကြား သည့် ဆေးများကို သောက်သည့်အခါ၌ပင် ဆေးအပေါ် မှီခိုခြင်းနှင့် ဆေးစွဲခြင်းတို့သည် ဖြစ်နိုင်ခြေ ရှိသော အန္တရာယ်များဖြစ်သည်။ လွဲမှားစွာအသုံးပြုသည့်အခါ ပို၍ ဖြစ်နိုင်သည်။ အခြား သူအတွက် ညွှန်ကြားသည့်ဆေးကို သောက် ခြင်း သို့မဟုတ် ဆေးကို ခံစားမှုကောင်းလို၍ သောက်ခြင်း တို့မှာ ပြင်းထန်၍ အန္တရာယ်ရှိ သော ပြဿနာများ ဖြစ်လာမည်။ လူတို့သည် စိတ်ဖိအားများခြင်းကို ပျောက်ကင်းလို၍ အလွဲသုံးလေ့ ရှိသော်လည်း ဆေးစွဲသွားနိုင် သည်။ ထို့ပြင် ဆေးရပ်လိုက်သည့်အခါ ဆေး၏နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် တက်ခြင်းနှင့် အခြား အန္တရာယ်ရှိသော နောက်ဆက်တွဲများ ဖြစ်နိုင်သည်။