မိသားစုဆိုသည်မှာ

မိသားစုဆိုသည်မှာ

(လေးနက်စွာ ဆန်းစစ်ခြင်း၊ ဆက်သွယ်ခြင်း။)

မိသားစုဆိုတာ လူ့အဖွဲ့အစည်းတိုင်းရဲ့ အခြေခံအကျဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။တစ်ဦးနဲ့တစ်ဦး သွေးသား အရသော်လည်းကောင်း၊ အိမ်ထောင်ပြုခြင်းဖြင့်သော်လည်းကောင်း၊ မွေးစားခြင်းဖြင့်သော်လည်းကောင်း ဆက်နွယ်လျက်ရှိသူများ တစ်နည်းအားဖြင့် အိမ်တစ်အိမ်တည်းတွင် စုပေါင်းနေထိုင်သူများ ပေါင်းစုထားခြင်းကို မိသားစုလို့ခေါ်ပါတယ်။ ထို့အပြင် အနှစ်သာရနှင့်ရည်မှန်းချက်တူသူများ နေရာထိုင်ခင်းနှင့် အရင်းအမြစ်များကို မျှဝေသုံးစွဲနေသူများရဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဆက်နွယ်နေသော၊ အပြန်အလှန်အမှီသဟဲပြုနေသော အခြေခံကျတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။