အချစ်ကြောင့် ဘဝရည်မှန်းချက်တွေ မပျက်ဖို့လိုတာ သင်သိပါသလား

  •  မင်းဟာ ကောင်းမွန်တဲ့ ဘဝရည်မှန်းချက်တွေရှိဖို့လိုပါတယ် … ဒါမှပဲ မင်းမှာ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် 
  • ဘဝရည်မှန်းချက်တွေဆီကို ရောက်ဖို့အတွက်တော့ အားသွန်ခွန်စိုက်ကြိုးစားကြရမှာပါ … ဒီလိုကြိုးစားနေတဲ့အချိန်တွေမှာ ချစ်ခြင်းမေတ္တာဟာ ရည်မှန်းချက်တွေဆီရောက်ဖို့ တွန်းအားတစ်ခုမဖြစ်ခဲ့ရင်တောင် အတားအဆီးမဖြစ်အောင် ဂရုစိုက်ဖို့တော့လိုပါတယ် …အချစ်ဆိုတာ လူငယ်ဘ၀ဘ၀မှာသိပ်ကိုအရေးကြီးပါတယ် ဒါပေမဲ့ အချစ်နဲ့တန်းတူအရေးကြီးတဲ့အရာတွေ အချစ်ထက်အရေးကြီးတဲ့အရာတွေ အများကြီးပါ …(လူတစ်ဦးနဲ့တစ်ဦးအချစ်ပေါ်ထားရှိသောခံစားချက်၊ အမြင်မတူ နိုင်ပါ) အဲ့ဒါကြောင့် ချစ်ခြင်းမေတ္တာနဲ့ ဘဝရည်မှန်းချက်ကို မျှခြေတစ်မှာ အဆင်ပြေနေအောင် ချိန်ညှိနိုင်ဖို့လိုပါတယ် … ဒါမှပဲ သင်ဟာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် …