သင်နှင့် လူကြီးမိဘအကြား သဘောထားကွဲလွဲခဲ့လျှင် ဘယ်လိုလုပ်မလဲ။

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ ပြဿနာ ဖြေရှင်းခြင်း။

သင့်ဘက်မှလည်း လူကြီးမိဘများဟာ ၎င်းတို့အပေါ်တွင် နားလည်မှုမရှိကြဟု ယူဆကြပါတယ်။ မလိုလားအပ်သော ထိန်းချုပ်မှုများကို ပြုလုပ်ထားသည်ဟုလည်း မြင်ပါတယ်။ မိမိတို့လုပ်ချင်တဲ့အရာများ ကို လုပ်ခွင့်မပြုဘဲမိဘများက ၎င်းတို့ ပြုလုပ်စေလိုတဲ့ ကိစ္စများကိုသာလုပ်ခွင့်ပြုသည်ဟုယူဆကြပါတယ်။

လူငယ်အများစုဟာ သူငယ်ချင်းများနဲ့ နေထိုင်ရခြင်းကို ပို၍နှစ်သက်တတ်ပါတယ်။ မိဘများက၎င်းတို့ရဲ့ ခံစားချက်ကို နားထောင်မပေး၍ သူငယ်ချင်းအချင်းချင်း ရင်ဖွင့်ကြပါတယ်။ မိဘများရဲ့ စည်းကမ်းဘောင် များဟာ တင်းကြပ်လွန်းတဲ့အတွက် ပြင်ပတွင်သာအချိန်ဖြုန်းလိုကြပါတယ်။ ၄င်းတို့ရဲ့အပေါ်မှာ မိဘများ က ယုံကြည်မှုနည်းသည်ဟုလည်း ထင်မြင်ကြပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ အရေးကြီးသည်မှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်ရန် ဖြစ်ပါတယ်။ မိဘများရဲ့ခံစားချက်ကို သားသမီးများက နားလည်ရန်လိုအပ်သလို သားသမီးများရဲ့ ခံစားချက်ကိုလည်း မိဘများက    နားလည်ရန်လိုအပ်ပါတယ်။ ဒီလိုအပြန်အလှန်နားလည်မှုရရှိဖို့၊ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းရန်လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဆန့်ကျင်မည့်အစား နားလည်မှုရရှိနိုင်မည့်နည်းလမ်းကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ လူကြီးမိဘတွေနှင့် ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးရပါမယ်။