ချစ်သူရည်းစားက လိင်ကိစ္စအတွက် စည်းရုံးလာရင် ဘယ်လိုငြင်းဆန်မလဲ

     ချစ်ခြင်းတရားထိန်းသိမ်းဖို့အတွက် လူတွေကအမျိုးမျိုးပြောနေတာကို ပတ်ဝန်းကျင်မှာ သင်တို့ကြားခဲ့ဖူးကြမှာ ပါ။ သမီးရည်းစားကြားမှာ လိင်ကိစ္စကိုပြုလုပ်ပြီးရင်ပဲ ချစ်သူဘဝဟာ မပျက်စီးတော့ဘူးလို့ ထင်နေတတ်ကြ ပါတယ်။ တကယ်တော့ လိင်ကိစ္စကြောင့်ကိုယ့်ကို ချစ်နေတာဆိုရင် ကိုယ့်ထက်သာတဲ့လိင်ကိစ္စကို ပိုကောင်း အောင် လုပ်ပေးနိုင်တဲ့သူများရှိခဲ့ရင် ပြောင်းချစ်သွားမယ့် ပုံစံမျိုးဖြစ်နေမှာပါ။ တကယ်တော့ သမီးရည်းစားတွေ ချစ်ခင်ရတဲ့လူတွေကြားက ချစ်ခြင်းမေတ္တာကို တည်မြဲစေချင်ရင် စုဆောင်းတယ်ဆိုတဲ့နည်းလမ်းလေးတစ်ခု ရှိပါတယ်။

   ဒီနည်းလမ်းလေးကလုံးဝမခက်ပါဘူး။ ချစ်ရတဲ့သူဆီမှာ မိမိနဲ့ပတ်သက်တဲ့စိတ်ခံစားမှု ဘဏ်အကောင့်လေးတစ်ခုဖွင့်ထားလိုက်ပါ။ ဘဏ်အကောင့်လေးဖွင့်ပြီးရင်တော့ အဲ့ဒီထဲကို သူ့အတွက် စိတ်ချမ်းသာစေမယ့် ပျော်ရွှင်စေမယ့် ကျေနပ်စေမယ့်အရာလေးတွေ လုပ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ ဘဏ်အကာင့်လေးဟာ သူ့ဆီမှာတဖြည်းဖြည်းတိုးပွားလာမှာပဲ။ ဥပမာ- သူ့အပေါ်သစ္စာရှိတာ၊ သူချိန်းထားတဲ့ အချိန်တွေဆို နောက်မကျတာ၊ သူ့ဆီကို သတိတရနဲ့ဖုန်းဆက်တာ၊ သူ့ကိုမလိမ်တာ စတဲ့စတဲ့ အကြောင်းအရာ တွေက သင့်ရဲ့ဘဏ်အကောင့်လေးကို တိုးလာစေမယ့်အရာတွေပါပဲ။ တဖြည်းဖြည်းတိုးလာတာနဲ့အမျှ သူနဲ့ ကိုယ့်ကြားမှာ နားလည်မှုတွေ တဖြည်းဖြည်းတိုးလာလိမ့်မယ်။ နားလည်တာတွေများလာတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုကိုတည်ဆောက်နိုင်ပါပြီ။

   စိတ်ခံစားမှုဘဏ်အကောင့်ကို တိုးလာအောင်လုပ်ရင်းနဲ့ ယုံကြည်မှုတည်ဆောက်ထားနိုင်တဲ့ချစ်သူတွေဟာ ခိုင်မြဲတဲ့ချစ်ခြင်းတရားကို တည်ဆောက်နိုင်တဲ့သဘောပါပဲ။ အရေးကြီးဆုံးကတော့ နှစ်ဦးနှစ်ဖက်နားလည်ခြင်းမှတဆင့် ယုံကြည်မှုနဲ့ မေတ္တာကိုတည်ဆောက်နိုင်ဖို့ပါပဲ။ ဒါမှသာ တကယ့်အချစ်ကိုရနိုင်ပါတယ်လို့ နားလည်အောင်စည်းရုံးပြောဆိုပြီး လိင်ကိစ္စအတွက် ငြင်းဆန်သင့်ပါတယ်။