တန်ဖိုးထားမှုများက ပြောင်းလဲတတ်ပါသလား

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ ပြဿနာဖြေရှင်းခြင်း။

ခေတ်ကာလပြောင်းလဲမှုတွေအရ မိသားစုတွေရဲ့ ယုံကြည်ယူဆမှုတချို့ဟာ ခေတ်မမီတော့ဘူးလို့ ယူဆနိုင်စရာရှိတယ်။ တချို့ကျတော့လည်း မိသားစုနဲ့ဝေးကွာနေတဲ့နေရာမှာ ကြီးပြင်းလာရတဲ့ အတွက် မိသားစုတွေရဲ့ ယုံကြည်ယူဆမှုတွေနဲ့ မကိုက်ညီတဲ့တန်ဖိုးထားမှုတွေ ရှိလာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ဟာ ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးထားမှုတွေအတိုင်း ဆုံးဖြတ်နေထိုင်ဖို့ အရေးကြီးတယ်။ မင်းတို့ရဲ့တန်ဖိုးထားမှုတွေအရ ပြုမူပြောဆိုမှုတွေဟာ လူကြီးတွေရဲ့တန်ဖိုးထား မှုတွေနဲ့ မကိုက်ညီတဲ့ စိတ်တင်းကျပ်စရာအခြေအနေတွေ ကြုံလာခဲ့ရင် အကောင်းဆုံးကတော့ လူကြီးတွေကို ပွင့်ပွင့်လင်းလင်းပြောပြဆွေးနွေးရမယ်။