အနိုင်ကျင့်သူတွေရဲ့လက္ခဏာများ

                                                အနိုင်ကျင့်တဲ့သူတွေဆိုတာ စကားပြောစွာကျယ်တယ်။ အတ္တကြီးတယ်။ သူများကိုတွန်းထိုးပြီး သွားလာတတ်ကြတယ်။ သူတို့ကိုယ်သူတို့စွမ်းအားရှိတယ်၊ အင်အားရှိတယ်လို့ အထင်ရောက် အောင် လုပ်တတ်ကြတယ်။ သူများပိုင်ပစ္စည်းကို မတရားရယူလိုကြတယ်။ သူတို့လိုချင်တာရဖို့ တခြားသူတွေကို ထိခိုက်နာကျင်အောင် လုပ်ကြတယ်။ အများအားဖြင့် သူတို့နဲ့ရွယ်တူ ဒါမှမဟုတ်ရင် ငယ်တဲ့သူတွေကို အနိုင်ကျင့်လေ့ရှိတယ်။

                                                အနိုင်ကျင့်တဲ့ကလေးတွေဟာ တခြားသူတွေစိတ်ဆင်းရဲအောင်လုပ်ပြီး သူတို့ကိုယ်သူတို့ စိတ်ကျေနပ်အောင်လုပ်ဖို့ ကြိုးစားတတ်ကြတယ်။ သူတို့ကိုယ်သူတို့ အထင်ကြီးကြတယ်။ သူတို့ဒီလိုလုပ်တာက သူတို့ဘ၀ကို မကျေနပ်လို့ သူတို့ကိုယ်တိုင် စိတ်ဆင်းရဲနေကြလို့ဖြစ်တယ်။ သူများအာရုံစိုက်လာအောင် လုပ်တတ်ကြတယ်။ သူတို့ဟာ တခြားကလေးတွေကို တွန်းတိုက်  နိုင်တယ်ဆိုရင် သူတို့ကိုယ်တိုင်သူတို့ တော်တော်စွမ်းအားရှိတယ်လို့ ခံစားရလို့ ဖြစ်ပါတယ်။