သက်ရောက်မှု

နီကိုတင်းဓါတ်သည် အက်ဒရီနယ်အကျိတ် (ဂလင်း) များကို လှုံ့ဆော်၍ အက်ဒရီနယ်လင် ဟော်မုန်းကို ထွက်စေသည်။ ထိုဟော်မုန်းထွက်လာခြင်းကြောင့် ဆေးလိပ်သောက်သူကို ခေတ္တခဏ သာယာစေပြီး ခွန်အားပြည့်သလို ခံစားရစေသည်။ ဆေးလိပ်ကို စသောက်မိပါက မသောက်ရမနေနိုင်ဖြစ်လာကာ လွယ်ကူစွာစွဲသွား စေနိုင်ပါသည်။