အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု

လိင်ဆက်ဆံတိုင်းကွန်ဒုံးအား အစဉ်အမြဲ မှန်ကန်စွာအသုံးပြုခြင်း သည်သာ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါပျံ့နှံ့ခြင်း (သို့မဟုတ်) ကူးစက်ခံရခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ကွန်ဒုံးအား လိင်ဆက်ဆံတိုင်း အစဉ်အမြဲမှန်ကန်စွာ အသုံးပြုရန်ဖြစ်ပါသည်။ STIရောဂါဖြစ်ခြင်းမှ မိမိကိုယ်တိုင်နှင့် မိမိအဖေါ်အားကာကွယ်ရန်မှာ မိမိ၏လက်ထဲတွင်သာရှိပါသည်။ အချို့ကာကွယ်ဆေးများသည်လည်း အသည်းရောင်အသားဝါဘီပိုး၊ အချို့HPVအမျိုးအစားများအပါအ၀င် STIကာလသားရောဂါအချို့ ကူးစက်နိုင်ခြေအား လျှော့ချပေးနိုင် ပါသည်။ ထိုကာကွယ်ဆေးများအကြောင်း ပိုမိုသိလိုပါက ကျန်းမာရေး ၀န်ထမ်းတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပါ။

အစစ်ဆေးခံခြင်းက ရောဂါကူးစက်၍ ၀မ်းနည်းရခြင်းထက် ပိုကောင်း သည်။ လိင်မှုဆိုင်ရာအခန်း၏ စိတ်ချရသော လိင်ဆက်ဆံမှုအပိုင်းတွင် ဖတ်ရှုပါ။