သွေးသားတော်စပ်သူချင်းကာမစပ်ယှက်မှု
ဆွေမျိုးသား ချင်း တော်စပ်သူမှ ကာမစပ်ယှက်မှု(INCEST)
ဆွေမျိုးသား ချင်း တော်စပ်သူမှ ကာမစပ်ယှက်မှုဆိုသည်မှာ အဘယ်နည်း။
  • ဆွေမျိုးသား ချင်း တော်စပ်သူမှ ကာမစပ်ယှက်မှုဆိုသည်မှာ မိသားစုဝင်များနှင့်  ဆွေမျိုးရင်းများမှ ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင် ပါသည်။
ဆွေမျိုးသားချင်းတော်စပ်သူမှ ကာမစပ်ယှက်မှုကို ခံကြရသူအများစုသည် ကလေးများနှင့် ဆယ်ကျော်သက်များဖြစ်ပြီး ထိုအခြေအနေများတွင် မကြာခဏဆိုသလို ကျူးလွန်သူသည် ကျူးလွန်ခံရသူမှ ယုံကြည်အားကိုးနေရသော လူကြီးများဖြစ်ပြီး ၎င်းသြဇာအာဏာရှိကာ ၎င်းတို့၏ဘ၀နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များကို ချမှတ်ပေးနေသူများ ဖြစ်တတ်ပါသည်။ 
မိသားစုဝင်တစ်ဦးမှ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်းအကြောင်းကို တစ်စုံတစ်ဦးအား ပြောပြရန် အဘယ်ကြောင့် ခက်ခဲပါသနည်း
  • အခြားသော မိသားစုဝင်များမှ မယုံကြည်မည်ကို စိုးရိမ်ခြင်း
  • ကျူးလွန်သူက မိသားစုချင်းထိုသို့ဖြစ်ခြင်းသည် ပုံမှန်သာဖြစ်သည်ဟု ပြောထားခြင်း
  • အခြားသူများကို အသိပေးလိုက်ပါက ကျူးလွန်သူ ဒုက္ခရောက်မည်ကို စိုးရိမ်ခြင်း
အကြမ်းဖက်ခံရပါက ဘာလုပ်နိုင်မည်နည်း
မိမိကိုယ်မိမိ အပြစ်မတင်ပါနှင့်။ မိမိ၏ ခံစားရမှုအား သက်သာလျော့ပါးစေရန် လုပ်ဆောင်နိုင်သော အကြံပြုချက်များအား အောက်တွင် ဖော်ပြထားပါသည်။
  • အနိုင်အထက်ပြုခံခဲ့ရသည်ဆိုခြင်းကို လက်ခံလိုက်ပါ။ လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် မိမိဘဝအား ပြန်လည်ကုစားပေးမည့် လုပ်ငန်းစဉ်တစ်ခုကို အစပျိုးလိုက်ခြင်း ဖြစ်ပါသည်။
  • သတ္တိရှိရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ နှင့်/သို့မဟုတ် စိတ်ဓာတ်ရေးရာ ကူညီပံ့ပိုးမှုများ လိုအပ်ပါသည်။
  • နှစ်သိမ့်ဆွေးနွေးပေးသူ/ကျန်းမာရေးဝန်ထမ်း/ ယုံကြည်အားထားနိုင်သည့် ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်အား အဖြစ်အပျက် (များ) ကို ဖွင့်ပြောခြင်းသည်  အဖြေရှာရန်နှင့် ကူညီပံပိုးမှုရရန်အတွက် ကောင်းမွန်သော စမှတ်တစ်ခု ဖြစ်နိုင်ပါသည်။
  • ဘေးကင်းလုံခြုံမည့် နည်းလမ်းများကို ရှာဖွေပါ။
  • ကူညီပံ့ပိုးပေးနေသည့် အဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ နားခိုရာနေရာတို့ကို ရှာဖွေဆက်သွယ်ပါ။ (၀၆၇-၄၀၄၂၂၂၊ ၀၆၇-၄၀၄၉၉၉)
မိမိ၏ အတွေ့အကြုံများအား မျှဝေပြောပြခြင်းသည် နာကျင်မှုများကို သက်သာစေရန် သေချာပေါက် အထောက်အကူဖြစ်ပါသည်။