ကလာမိုင်းဒီးယားသည် မည်သို့ ကူးစက်သနည်း။

အသက်အရွယ်အုပ်စုများ အားလုံးတွင် ဆယ်ကျော်သက်များနှင့် လူငယ်များသည် ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံး ဖြစ်ပါသည်။ ကလာမိုင်းဒီးယားရှိသော အမျိုးသမီးအများစု (နှင့် အမျိုးသား ထက်ဝက်ခန့်) တွင် ရောဂါလက္ခဏာများ မပြပါ။ လက္ခဏာမပြသည့်အတွက့် ကလာမိုင်းဒီးယားကူးစက်ခံရနိုင်ခြေရှိသူ တစ်ဦးအတွက် သိရှိနိုင်ရန် တစ်ခု တည်းသော နည်းလမ်းမှာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးကြည့်ရန်ဖြစ်သည်။ ကလားမိုင်းဒီးယားသည် အခြား STI များနည်းတူ မိမိ အဖော်ထံသို့ အချို့သော လိင်မှုဆိုင်ရာ အပြုအမူများမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ကလာမိုင်းဒီးယားသည် စအို သို့မဟုတ် မိန်းမကိုယ်မှ လိင်ဆက်ဆံစဉ် အဓိကကူးစက်ပါသည်။ ပါးစပ်မှဆက်ဆံလျှင် ကူးစက်နိုင်ခြေနည်းပါသည်။ လက်ဆွဲနုတ်ဆက်ခြင်း သို့မဟုတ် အိမ်သာခုံများမှတစ်ဆင့် မကူးစက်နိုင်ပါ။

ကလာမိုင်းဒီးယားသည် သာမာန်ပဋိဇီဝဆေးလောက်နှင့် ပျောက်ကင်း အောင် ကုသနိုင်ပါသည်။ သို့သော် မကုသဘဲထားပါက ဝမ်းတွင်းခေါင်းအောက်ပိုင်း ရောင်ရမ်းခြင်းဝေဒနာကဲ့သို့သော နောက်ဆက်တွဲရောဂါများ ဖြစ်လာနိုင်ပြီး မြုံသွားနိုင်ပါသည်။ လူတစ်ဦးသည် ကလာမိုင်းဒီးယားအား ကူးစက်ခံရချိန်မှ ဆေးကုသမှု ပြီးဆုံးသည်ထိ အဖော်ထံသို့ ကူးစက်သွားစေနိုင်ပါသည်။